အားကစားသတင်း အတိုအစများ-၁၁

ပို့စ်တင်ချိန် - 3/13/2014 12:56:00 PM




မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်နေရချိန်၌ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသည်ကို မြင်ရခြင်းမှာ ရင်နာစရာဟု မန်ယူတိုက်စစ်မှူး ရွန်နီက ပြောသည်။

ဦးနှောက်ခွဲစိတ်ကုသမှု ခံယူရမည့် ၁၀လသား အရွယ် ကလေးငယ်အတွက် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ကုန်ကျစရိတ် ယူရို ၆၀၀၀၀ ပေးလှူခဲ့သည်ဟု စပိန်အခြေစိုက် အေအက်စ်သတင်းစာက ဖော်ပြသွားသည်။

ဘိုင်ယန်မြူးနစ်နှင့် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည့် အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇဲလ်မှာ သီတင်းပတ် (၆)ပတ် အနားယူရဖွယ် ရှိနေသည်။

BNP Paribas အိုးပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်များတွင် ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်၊ တရုတ်တင်းနစ်မယ် လီနာနှင့် ပိုလန်တင်းနစ်မယ် ရ၀မ်စကာကို နိုင်ပွဲကိုယ်စီ ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

နှင်းလျှောစီးရာတွင် ဦးနှောက်ဒဏ်ရာရရှိခဲ့သည့် ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း မိုက်ကယ်ရှူးမေကာ၏ ရောဂါအခြေအနေ တိုးတက်မှုရှိလာကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။

လိင်တူစိတ်ဝင်စားသည့် အမြောက်တပ်သားများဟူသော စာတန်းများ ကိုင်ဆောင်ခဲ့ကြသည့် ပရိသတ်များကြောင့် ဘိုင်ယန်မြူးနစ်ကို ယူအီးအက်ဖ်အေမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ချက်စတာဖီးကို ၃-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား အိုလီဘန့်ကို ကိုက်ခဲ့သည့် တော်ကေးကွင်းလယ်လူ လာဘာဒီကို (၁၀)ပွဲပယ် ပြစ်ဒဏ်နှင့် ပေါင်(၂၀၀၀)ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း သိရသည်။

@z (ရိုးရာလေး)