ပျောက်ဆုံးလေယာဉ်ရဲ့ လေကြောင်းအမှတ်စဉ် ကို မလေးရှားအဲလိုင်း အနားပေး

ပို့စ်တင်ချိန် - 3/13/2014 10:26:00 PM


ပျောက်ဆုံးနေဆဲ မလေးရှားအဲလိုင်းပိုင် လေယာဉ်ရဲ့ လေကြောင်းခရီးစဉ် အမှတ် MH370 နဲ့ MH371 ကို အနားပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Boeing777 လေယာဉ် ရဲ့ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် ရဲ့ ကုတ်နံပါတ် ဟာ MH370 ဖြစ်ပြီး အပြန်ခရီးစဉ်ဖြစ်တဲ့ ဘေဂျင်း-ကွာလာလမ်ပူ ရဲ့ ကုတ်နံပါတ်က MH371 ဖြစ်ပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို အလေးထားကြောင်းပြသတဲ့အနေနဲ့ ထာဝရအနားပေးလိုက်တာဖြစ် ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

အဆိုပါလေယာဉ်ဟာ စနေ့နေ့ မနက်အစောပိုင်း ထဲက ပျောက်ဆုံးသွား
တာဖြစ်ပြီး အခုထိ နိုင်ငံတကာအကူအညီနဲ့ ဖြန့်ကြက်ရှာဖွေနေပေမယ့် အစအနတောင် ရှာမတွေ့သေးတာဖြစ်ပါတယ်။

လေယာဉ်ဟာ ထူးဆန်းစွာပျောက်ဆုံးနေဆဲဖြစ်ပြီး
လေယာဉ်ပေါ်ပါသူတွေရဲ့ ကံကြမ္မာကို မိသားစုဝင်တွေက မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေ ဆဲဖြစ် ပါတယ်။

မလေးရှားအဲလိုင်းဟာ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် နဲ့ အပြန်ခရီးစဉ်ကို သောကြာနေ့ကစပြီး MH318 နဲ့ MH319 ကုတ်နံပါတ်တွေနဲ့ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

Author ကိုမိုးထက်
Kumudra