ပြည်ထောင်စုလွှတ်တော် ၁ ရက်တည်း ဥပဒေ ၃ ခု အတည်ပြု (မေးမြန်းချက်)

ပို့စ်တင်ချိန် - 3/13/2014 07:13:00 PM

U Phay Than

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်း ၃ခု အတည်ပြုလိုက်ပြီး ဥပဒေကြမ်းတခုကိုတော့ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကြမ်းနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကြမ်းတို့ကို အတည်ပြုလိုက်နိုင်ပြီး ၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကိုတော့ အတည်မပြုလိုက်နိုင်ပါဘူး။

ဥပဒေကြမ်း ၃ ခု အတည်ပြုလိုက်နိုင်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တက်ခဲ့တဲ့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်သက်တမ်း ၃ နှစ်နဲ့ ၁ လ ရှိချိန်မှာ ဥပဒေပေါင်း ၈၄ ခု ရေးဆွဲ ပြင်ဆင် ပြဋ္ဌာန်း နိုင်ခဲ့ပါတယ်။

အသံဖိုင် နားဆင်ရန်



DVB Burmese