CNN ထံမှ Zite app ကို Flipboard ဝယ်ယူ

ပို့စ်တင်ချိန် - 3/13/2014 11:56:00 AM


မဂ္ဂဇင်းစတိုင် news app Flipboard သည် CNN ထံမှ၎င်း၏ပြိုင်ဘက် Zite ကိုဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီကကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါဝယ်ယူမှုတွင် CNN နှင့် Flipboard တို့ကြား ကြော်ငြာဆိုင်ရာ ပူးပေါင်းမှုများပါဝင်သလို Zite ကိုတစ်ဦးတည်း ရပ်တည်သည့် app မှ Zite ကမှတ်ချက်ပြုထားသည့် နည်းပညာကို Flipboard app အတွင်းသို့ ထည့်သွင်းသွားမည်ဖြစ်သည်။ Zite မှအမှုဆောင်အရာရှိချုပ် Mark Johnson ကလွဲ၍ အဓိကအဖွဲ့အနေဖြင့် Flipboard သို့ပူးပေါင်းသွားမည်ဖြစ်သည်။ CNN နှင့် Flipboard သည် ဝယ်ယူမှုအသေးစိတ်အပေါ် ပြောကြားခဲ့ခြင်းမရှိသော်လည်း CNN ၏သတင်းအဖွဲ့က အဆိုပါဝယ်ယူမှုသည် သန်း ၆၀ ခန့်ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။ CNN ၏ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေဖြင့် ရောင်းချမှုအပေါ် ထုတ်ပြန်ဦးမည်မဟုတ်ကြောင်း အဆိုပါဖော်ပြမှုသည် မတိကျကြောင်းပြောကြားခဲ့ပြီး Bloomberg က CNN သည်ငွေကြေးအစား Flipboard တွင်ရင်းနှီးမြှုပ်နှံခွင့် ရရှိခဲ့ဖွယ်ရှိကြောင်း ဖော်ပြသွားခဲ့သည်။ Flipboard အမှုဆောင်အရာရှိချုပ် Mike McCue က မိမိတို့သည်လာမည့်လတွင် Flipboard အတွင်းသို့ နည်းပညာကိုပေါင်းစပ် ထည့်သွင်းတော့မည် ဖြစ်ကြောင်း၊ မိမိတို့သည် Zite ကိုဆက်လက်လုပ်ကိုင်ရန် အစီအစဉ်မရှိကြောင်း ထုတ်ကုန်တစ်ခုတည်းပေါ်တွင် အာရုံစိုက်ရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက Zite အသုံးပြုသူများအနေဖြင့် login ပြုလုပ်ရန် Flipboard account အသစ်များကို ပြုလုပ်ရမည်ဖြစ်ပြီး Flipboard သည် Zite နည်းပညာ ပေါင်းစပ်ပြီးသည့် အချိန်ထိတိုင် Zite ကိုဆက်လက်ထောက်ပံ့ သွားမည်ဖြစ်သည်။ CNN သည် ၂၀၁၁ ခုနှစ်တွင် Zite ကိုဝယ်ယူခဲ့ပြီး သတင်းဖော်ပြပေးသည့် ရေစီးကြောင်းနှင့် မိုဘိုင်းဈေးကွက်တွင် ပိုမိုပါဝင်လာရန်ဖြစ်သည်။

-စိုးထက်
Ref: CNET
Internet Journal