တမူးတွင် မီးပူဇော်ရာမှ လူနေအိမ် ဆယ်လုံးကျော် မီးလောင်

ပို့စ်တင်ချိန် - 3/13/2014 07:41:00 PM


ကိုတိုးကြီး


စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်း အမှတ်(၇) ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ အိမ်အမှတ် ဈ ၇/၂ နေအိမ် တွင် ယခုလ ၁၁ ရက် ည ၈ နာရီအချိန်ခန့်က လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ၀ိုင်ယာလျှော့ ဖြစ်ကာ လူနေအိမ် ၁၁လုံး မီးကူးလောင်ကျွမ်းခဲ့သည်ဟု တိုင်းဒေသ မီးသတ်ဦးစီး ဌာန ဒု-ညွှန်ကြားရေးမှူး ဦးမင်း စမ်းအေးက ဆိုသည်။

မီးလောင်ကျွမ်းခဲ့သည့် နေရာသို့ မြို့နယ် မီးသတ်ဦးစီးအရာရှိနှင့် တမူးမြို့မ ရဲစခန်းက သွားရောက်စစ်ဆေး ခဲ့ရာ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်တွင် ငှားရမ်းနေထိုင်ခဲ့ရာ ထိုနေ့ညက လျှပ်စစ်နှစ်ပင်လိမ် ၀ိုင်ယာ ကြိုးဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ၀ိုင်ယာလျှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆ ထားသည်။

မီးလောင်ကျွမ်းမှုကို တမူးမြို့မှ မီးသတ်ယာဉ် လေးစီး၊ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှ မီးသတ်ယာဉ် နှစ်စီး၊ မီး သတ်တပ်ဖွဲ့ဝင်၇၀ ကျော်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ငွေကျပ် ၂၉ သိန်း နီးပါးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု ၁၃ စု၊ ကျား ၁၉ ဦး၊ မ ၂၉ ဦး၊ ပေါင်း ၄၈ ဦးတို့မှာ မီးဘေးသင့်ဒုက္ခသည် များ ဖြစ်ခဲ့သည်။

ထို့ကြောင့် အဆိုပါ မီးလောင်ကျွမ်းမှုကို တမူးမြို့မရဲစခန်းက (ပ)၂၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှု ဖွင့်ဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese