ပျောက်ဆုံး နေသော MH370 လေယာဉ်မှူး သည် ယခင်က လုံခြုံရေး ဆိုင်ရာ စည်းကမ်း ချိုးဖောက် ဖူးသူဟု ဖွင့်ချ ချက် ပေါ်ပေါက်လာ

ပို့စ်တင်ချိန် - 3/13/2014 07:10:00 PM

Phone Maw Memory2014

ပျောက်ဆုံး နေသော မလေးရှားလေ ကြောင်း လိုင်း လေယာဉ် MH370 ၏ တွဲဖက် လေယာဉ်မှူးသည် လုံခြုံရေး စည်းကမ်း ကို ဖောက်ဖျက် ကာ လေယာဉ် မောင်း နှင် နေစဉ် ခရီး သည် အမျိုး သမီး နှစ်ဦး ကို လေယာဉ် မောင်းခန်း အတွင်း ခေါ်သွင်း ဧည့်ခံ ခဲ့ဖူး ကြောင်းဖြင့် သြစတြေးလျ သတင်း ဌာန တစ်ခု က ဖွင့် ချ ဖော်ပြ သွားသည်။

MH370 သည် စနေနေ့ မနက် အစော ပိုင်းတွင် ကွာလာလမ်ပူ မှ ပေကျင်း သို့ ပျံသန်း စဉ် ဗီယက်နမ် ကမ်းလွန် ရေပြင်အရောက် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေ ခြင်းဖြစ်သည်။ ယခု ထိတိုင် သဲလွန်စမ ရ သေး ဘဲ ဖြစ်နေသည်။ ခရီးသည် ၂၂၇ ဦး၊ လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါသွားသည်။ ပျောက်ဆုံးနေသော MH370 ၏ တွဲဖက်လေယာဉ်မှူး အသက် ၂၇ နှစ် အရွယ် ဖာရီ အဗ္ဗဒူ ဟာမစ် သည် ၂၀၁၁ ခုနှစ်က ထိုင်း နိုင်ငံ ဖူးခက်မှ ကွာလာလမ်ပူသို့ ပျံသန်းစဉ် တောင်အာဖရိက မိန်းကလေးနှစ်ဦးကို လေယာဉ်မောင်း ခန်းသို့ ၀င်ခွင့် ပေးကာ ဧည့်ခံခဲ့ ဖူးကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် Nine Network သတင်း ဌာနက ဖော်ပြ သွားသည်။ အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက် ကို ကိုးကား၍ သတင်းဖော်ပြသွားခြင်းဖြစ်သည်။ လေယာဉ် မောင်းခန်းထဲတွင် ထိုအမျိုးသမီးနှစ်ဦး နှင့် အတူ လေယာဉ်မှူးဖြစ်သူတို့ ရိုက်ကူးထား သည့် ဓာတ်ပုံ ကို ပါ ဖော်ပြထားပြီး လေယာဉ် မှူးသည် မစ္စတာ ဖာရီနှင့် များစွာ တူညီကြောင်း လည်း တွေ့ရသည်။ အမေရိ ကန်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာ အဆောက်အဦကို အယ်လ်ခိုင်ဒါ များ က ခရီးသည်လေယာဉ်များ ပြန်ပေး ဆွဲကာ ၀င်ရောက်တိုက်ခိုက်မှုခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက် မှု နောက်ပိုင်း မှစ၍ လေယာဉ် မောင်းခန်းအတွင်း ခရီးသည်များ ကို ၀င်ခွင့်မပြုရန် စည်းကမ်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သတင်း ဌာန က ဖော်ပြခြင်း ကြောင့် အထူး တုန်လှုပ်မိကြောင်း၊ အထူးအလေး ပေး စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မလေးရှား လေကြောင်းလိုင်း က ထုတ်ပြန် ပြောကြား ထားသည်။ မစ္စတာ ဖာရီ သည် ၂၀၀၇ ခုနှစ်မှစပြီး မလေးရှားလေကြောင်း လိုင်းတွင် တာဝန် ထမ်းဆောင်ကြောင်း လေကြောင်းလိုင်းက ပြောသည်။ Source: AF

Messenger News Journal