ကိုလိုနီခေတ်လက်ရာ မြန်မာ့မီးရထားရုံးချုပ် ဟိုတယ်အဖြစ် အသက်သွင်းမည်

ပို့စ်တင်ချိန် - 3/13/2014 10:04:00 AM


ရန်ကုန်၊ မတ် ၁၂
ကိုလိုနီခေတ်ဗိသုကာလက်ရာအဆောက်အဦဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ်အား ဟိုတယ်အဖြစ် အကြီးစား ပြင်ဆင်မွမ်းမံမှုကို စတင်တော့မည်ဖြစ်သည်။

The Peninsula Yangon ဟိုတယ်အဖြစ် အကြီးစား ပြင်ဆင်မွမ်းမံသွားတော့မည့် အဆိုပါစီမံကိန်းအားThe Hongkong and Shanghai Hotels, လီမိတက်(HSH) နှင့် Yoma Strategic Holdings တို့က ပူးပေါင်းလုပ်ဆောင်မည်ဟု
ရှယ်ယာရှင်များ၏ သဘောတူညီမှုထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်မြို့၏ အချက်အချာကျသည့် ဗိုလ်ချုပ်လမ်းမပေါ်တွင်တည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် စကော့ဈေး) နှင့် ကပ်လျှက်တည်ရှိသည့်အဆိုပါမြန်မာ့မီးရီးထားကုမ္ပဏီရုံးချုပ်သည်
ကိုလိုနီခေတ် လက်ရာအဆောက်အဦဖြစ်သည့် အတွက် ဟိုတယ်တည်ဆောက်ရာတွင် ပြန်လည်အစားထိုးပြုပြင်မွမ်းမံလုပ်ဆောင်သွား မည်ဟု သိရသည်။

The Hongkong and Shanghai ဟိုတယ်လီမိတက်မှာ အာရှ၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပရှိ အချက်အချာကျသောနေရာများတွင် ဟိုတယ်များ၊ ကုန်သွယ်မှုဆိုင်ရာ နှင့် လူနေအိမ်ရာအဆောက်အအုံများ ဆောက်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး Yoma Strategic Holdings လီမိတက်မှာမူ မြန်မာနိုင်ငံတွင်း အိမ်ရာစီမံကိန်းများ ဖော်ဆောင်နေပြီး အဓိကအနေဖြင့် ကြယ်စင်အိမ်ရာ(Star City) နှင့် ပန်းလှိုင် ဂေါက်ကွင်း အိမ်ရာ တို့ဖြစ်သည်။ သုတလင်း

Popular Myanmar News Journal