ငလျင်နှင့်ဆူနာမီ သုံးနှစ်ပြည့် ဂျပန်၌ အခမ်းအနားများကျင်းပ

ပို့စ်တင်ချိန် - 3/13/2014 12:54:00 PM


တိုကျို၊ မတ်-၁၁

မြေငလျင်နှင့် ဆူနာမီရေလှိုင်းအန္တရာယ်များ ကျရောက်ခဲ့မှုသုံးနှစ်ပြည့်
အောက်မေ့ဖွယ်အခမ်းအနားများကို တိုကျိုမြို့တော်နှင့် ကပ်ဘေးများ ကျရောက်ခဲ့ရာ ဒေသအနီး မြို့ကြီးမြို့ငယ်များတွင် မတ် ၁၁ ရက်က ကျင်းပခဲ့ကြကြောင်း သိရ သည်။

တိုကျိုမြို့တော်၌ ကျင်းပသည့် ငလျင်နှင့်ဆူနာမီကပ်ဘေးသုံးနှစ်ပြည့် အခမ်းအနားသို့ ဂျပန်ဧကရာဇ် အကီဟီတိုနှင့် မိဖုရားမီချီကိုတို့ တက်ရောက် ခဲ့ကြပြီး ကပ်ဘေးများအတွင်းသေဆုံးခဲ့ရသူ ဂျပန်ပြည်သူထောင်ပေါင်း များစွာတို့ အတွက်ဆုမွန်ကောင်းများ တောင်းပေးခဲ့ ကြသည်။

၂၀၁၁ ခုနှစ် မတ် ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၉ ဒသမ သုညအဆင့်ရှိ ပင်လယ်ရေအောက် ငလျင်တစ်ခုကြောင့် ဆူနာမီရေလှိုင်းများ ပေါ်ထွက်လာခဲ့ပြီး ဂျပန်နိုင်ငံ အရှေ့မြောက်
ကမ်းရိုးတန်းဒေသကို ဂျက်လေယာဉ်တစ်စင်း၏အမြန်နှုန်းမျိုးဖြင့် တိုးဝင်ရိုက်ခတ်ခဲ့ရာ လူပေါင်း၁၈၀၀၀ သေ ဆုံးခဲ့ရပြီး ဂျပန်နိုင်ငံအတွက် စစ်လွန်ခတ်ကာလအပြင်းထန်ဆုံး သဘာဝဘေးဖြစ်ခဲ့ရသည်။

ယင်းအပြင် ဆူနာမီရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ဖူကူရှီးမားဒိုင်အိချိနျူ ကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၌ အဏုမြူဓာတ်ပေါင်းဖိုများ အပူလွန်ကဲ၍ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာအကျိုးဆက်ပြင်းထန်သော
နျူကလီးယားကပ်ဘေးတစ်ရပ်ပေါ်ပေါက်ခဲ့သည်။

ငလျင်နှင့်ဆူနာမီ သုံးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကာလအတွင်း ဂျပန်နိုင်ငံဒေသအများအပြားတို့ ၌မြေငလျင်စတင်လှုပ်ခတ်ခဲ့ချိန် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တိတိတွင်ဆူနာမီသတိပေးဥသြသံများထုတ်လွှင့်ပေးခဲ့ကြောင်း
သတင်းများ၌ ဖော်ပြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ