လေယာဉ်ရှာဖွေမှုအပေါ် ဝေဖန်မှုကို မလေး အာဏာပိုင်တွေ ခုခံပြောဆို

ပို့စ်တင်ချိန် - 3/13/2014 10:04:00 AM

ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ်ကို ရှာဖွေနေကြတဲ့ တာဝန်ရှိသူတွေ (Credit: AFP) 

ငါးရက်တာ ​ရှိလာပြီဖြစ်တဲ့ ​မလေးရှားလေယာဉ်ရှာဖွေမှု ​ဆိုင်ရာ ​လုပ်ငန်းဆောင်တာတွေဟာ ​ကစဉ့်ကလျား ​ဖြစ်လွန်းတယ်ဆိုတဲ့ ​ဝေဖန်မှုတွေကို ​မလေးရှား ​အာဏာပိုင်တွေက ​ပယ်ချလိုက်ပြီး ​ဘယ်တော့မှ ​လက်မလျော့ဘူးဆိုတဲ့ ​စိတ်နဲ့ ​ရှာဖွေနေဆဲ ​ဖြစ်ကြောင်း ​မလေးရှား ​သယ်ယူပို့ဆောင်ရေး ​၀န်ကြီး ​ဟစ်ရှမ်မူဒင် ​ဟူစိန် ​က ​ပြောကြားခဲ့ပါတယ်။

လေယာဉ်ရှာဖွေရေးနဲ့ ​ပတ်သက်ပြီး ​မလေးရှား ​အစိုးရရဲ့ ​ထုတ်ပြန်ချက် ​တွေဟာ ​အမျိုးမျိုး ​ဖြစ်နေတာကြောင့် ​ဘယ်အချက်ကို ​ယုံကြည်ရမလဲ ​ဆိုတာ ​ခက်ခဲကြောင်း ​တရုတ်နိုင်ငံက ​လူသိရှင်ကြား ​ဝေဖန် ​လိုက်တာ ​ဖြစ်ပါတယ်။

မလေးရှား ​စစ်တပ်ရဲ့ ​ရေဒါကနေ ​မလက္ကာ ​ရေလက်ကြား ​ဘက်ကို ​ဦးတည်ပြီး ​လေယာဉ်ဟာ ​အနောက် ​ဖက်ကို ​ပျံသန်းသွားခဲ့မှုတွေ ​ရှိတယ်လို့ ​မလေးရှား ​သယ်ယူ ​ပို့ဆောင်ရေး ​၀န်ကြီးက ​ပြောကြား ​ခဲ့ပေမယ့် ​ဒါဟာ ​ပျောက်ဆုံး ​နေတဲ့ ​လေယာဉ် ​ဟုတ်မဟုတ် ​ကိုတော့ ​အတည်ပြု ​ပြောကြား ​ခဲ့ခြင်း ​မရှိပါဘူး။

အခုပျောက်ဆုံးနေတဲ့ ​လေယာဉ်ပေါ်မှာ ​လူပေါင်း ​၂၃၉ ​ဦး ​လိုက်ပါခဲ့ကြပြီး ​၁၅၀ ​ကျော်ဟာ ​တရုတ်လူမျိုးတွေ ​ဖြစ်ကြပါတယ်။

အဲဒီအထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၆ ​ဦး ​ပါဝင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia - မြန်မာပိုင်း