သမ္မတ ထံ တိုက်ရိုက် သတင်းပို့ စီမံခန့်ခွဲ နိုင်မည့် အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာန ထူထောင်မည်

ပို့စ်တင်ချိန် - 3/13/2014 07:39:00 PM


အရေးပေါ် အခြေ အနေ များ ကို သမ္မတ ထံ တိုက်ရိုက် သတင်းပို့ စီမံခန့်ခွဲ စေနိုင် မည့် မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟို ဌာန ထူထောင် သွားမည် ဖြစ်ကြောင်း ငွေကြေး ဆိုင်ရာ စုံစမ်း ထောက် လှမ်း ရေး တပ်ဖွဲ့ မှူး ဖြစ်သည့် ရဲမှူးကြီး ကျော်ဝင်းသိန်း က ပြော သည်။ စပြီး တော့ လျာထား တာ ကတော့ မေလ နဲ့ ဇွန်လ လောက်မှာ လျာထား တာပေါ့။ အခု ဟာက သင်တန်းသား တွေကို ဒုတိယ အကြိမ် လေ့ကျင့် ပေးမယ်၊ ပြီးရင် ကျွန်တော် တို့ ရုံးတွေ ဖွဲ့ မယ်၊ ပြီးရင် အခန်း တွေပြင်မယ်။ အခန်း တွေက အော်ပရေးရှင်း လုပ် မယ့် အခန်း တွေ ရှိတယ်။ အပေါ်မှာ ဖြစ်ပေါ် လာတဲ့ သတင်း တွေကို အကဲဖြတ်၊ ပြီးတော့ ဒီဟာ တော့ ဘာ ဖြစ်နိုင် လည်း ဒီဟာတော့ ကြီးထွား လာမယ်။ သူရဲ့ နှုန်း အနေ အထား ပေါ် မူတည် ပြီးတော့ အစည်း အဝေး လုပ်မယ့် အခန်း တွေ ရှိမယ်။ ၀န်ထမ်း တွေက (၂၄) နာရီ တာဝန် ထမ်းဆောင် ရမှာ ဖြစ်တဲ့ အတွက် ၀န်ထမ်း တွေ နားနေ ခန်း ရှိမယ်။ အဲလိုမျိုး အခန်း တွေ ပြင်ဆင် တာတွေ ရှိတယ် ဟု ၎င်း က ဆက်လက် ပြောသည်။ မြန်မာ နိုင်ငံ အရေးပေါ် အခြေ အနေ တုံ့ပြန်မှု ဗဟို ဌာန တည်ထောင် ပြီးပါက (၂၄) နာရီ၊ သီတင်းပတ် လုံး အထောက် အကူ ပေးနိုင်မည် ဖြစ်ပြီး၊ မြန်မာ နိုင်ငံ ၏ အမြင့်ဆုံး အာဏာပိုင် များ သို့လည်း တိုက်ရိုက် ဆက် သွယ် ပေးသွား နိုင်မည် ဖြစ်ကာ၊ အရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟို ဌာန သည် အာဆီယံ လူသားချင်း စာ နာမှု ဗဟို ဌာန နှင့် လည်းကောင်း၊ အာဆီယံ နိုင်ငံများ ရှိ အရေးပေါ် အခြေ အနေ တုံ့ပြန်မှု ဗဟိုဌာန များနှင့် လည်းကောင်း ချိတ်ဆက် ကာ လုပ်ငန်း ဆောင်ရွက် သွား နိုင်မည် ဖြစ်ကြောင်း ရဲမှူးကြီး ၏ ရှင်းပြချက် အရ သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဥရောပ ငါး နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နှင့် ဥရောမသမဂ္ဂအဖွဲ့  (EU) တို့ကြား အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ် ရပ် ကို စတင်လက်မှတ်ရေး ထိုးနိုင် ခဲ့ပြီး မြန်မာ နိုင်ငံတွင် ကြီးမားသည့် အရေးပေါ်အခြေ အနေ များ ကြုံတွေ့ လာပါက ထိရောက်စွာ တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာန တစ် ခု ကို ဥရောပသမဂ္ဂ (EU) ၏ ကူညီ ထောက်ပံ့မှုဖြင့် တည်ထောင်ရန် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်နယ် တွေမှာ လည်း နောက်ပိုင်း မှာ ကျွန်တော် တို့ ဖွဲ့ စည်းမယ်။ နောက်ပိုင်းမှာ သီး သန့် အဖွဲ့ လေးတွေ ထားပြီးတော့ တောက် လျှောက် ကျွန်တော်တို့ ဖြစ်ပေါ် လာ တဲ့ ကိစ္စ တွေကို အချိန်နဲ့ တပြေးညီ လုပ်ဆောင် သွားဖို့ ရည်ရွယ်ထားပါတယ်””ဟု ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ မှူး ဖြစ်သည့် ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံအရေးပေါ် အခြေအနေ တုံ့ပြန်မှု ဗဟိုဌာနကို ရုံးအမှတ် (၃၈)၊ အမှတ် (၂) လျှပ်စစ် ၀န်ကြီး ဌာနရုံး တွင် ထူထောင် သွားမည်ဖြစ်ပြီး၊ လိုအပ်သည့် ရုံးခန်းပြင်ဆင် မှုများကို ဆောင်ရွက် နေပြီဖြစ်ရာ၊ အဆိုပါ ဌာနကို ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း ၎င်း က ပြောကြားသည်။

Messenger News Journal