ဂြိုလ်တုကပြောတဲ့ မလေးရှားလေယာဉ်အပိုင်းအစကို ရှာမရ

ပို့စ်တင်ချိန် - 3/13/2014 03:25:00 PM


 
တရုတ်ဂြိုလ်တုဓာတ်ပုံတွေမှာဖော်ပြထားတဲ့ လေယာဉ်အပိုင်းအစတွေ ရှိတယ်ဆိုတဲ့ နေရာဝန်းကျင်မှာ ပျောက်ဆုံး မလေး လေယာဉ်နဲ့ပတ်သက်တာ ဘာမှ မတွေ့ရဘူးလို့ ရှာဖွေရေးလုပ်ကိုင်နေသူတို့က ပြောပါတယ်။

ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေတဲ့ ဗီယက်နမ် လေတပ် လေယာဉ်တစီးပေါ်မှာ ဒီကနေ့  တွေ့ရတဲ့ စစ်အရာရှိ   Pham Tuan Minh   (ဓာတ်ပုံ - Reuters / Kham) -  -ဒါကတော့ မလေးလေယာဉ်ပျောက်ဆုံးမှုရှာပုံတော်ဖွင့်နေတဲ့ ၆ ရက်မြောက်တဲ့ ဒီနေ့ ကြာသပတေးမနက်မှာ တက်လာတဲ့ သတင်းပါ။ ဧရာဝတီသတင်းတပုဒ် http://www.irrawaddy.org/asia/search-planes-find-sign-missing-airliner-spot-located-china.html မှာ အဲဒီလို ရေးထားပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည် ၂၃၉ ဦးထဲမှာ ၁၅၄ ဦးက တရုတ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရဆီက စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာနေတာပါ။
တရုတ်အစိုးရက မလေးရှားတို့ရဲ့ ရှာဖွေရေးလုပ်ငန်းတွေ၊ ထုတ်ပြန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး  အားမလိုအားမရ ဖြစ်နေပါတယ်။

သံသယဖြစ်ဖွယ် အရာဝတ္ထု ၃ ခု ရဲ့ ပုံကို ဂြိုလ်တုကနေ ဓာတ်ပုံရိုက်ထားတဲ့အကြောင်း တရုတ်အစိုးရရဲ့အင်တာနက်စာမျက်နှာတခုမှာ ရေးထားပါတယ်။ အဲသလို မျောနေတယ်ဆိုတဲ့ နေရာဟာ ပျောက်ဆုံးလေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားတဲ့နေရာနားမှာပါပဲ။ သို့သော်လည်း ဗီယက်နမ် နဲ့ မလေးရှား ရှာဖွေရေးလေယာဉ်တွေ အကြိမ်ကြိမ် အသေးစိတ် လိုက်ကြည့်ရာမှာ ဘာမှ မတွေ့ဘူးလို့  လေယာဉ်တစီးနဲ့ လိုက်သွားကြည့်တဲ့ Reuters သတင်းသမားတယောက်က ပြောပါတယ်။

လေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးမှုက ရက်အတန်ကြာလာပေမယ့်လည်း ဘာသဲလွန်စမှ မရဘူးလို့ ဆိုရမလိုဖြစ်နေပါပြီ။

လောလောဆယ်တော့ နိုင်ငံ ၈ နိုင်ငံက သင်္ဘော ၄၃ စီး၊ လေယာဉ် ၃၉ စီးက ပျောက်ဆုံးနေတဲ့မလေးလေယာဉ် သို့မဟုတ် အဲဒီ လေယာဉ်ရဲ့အပိုင်းအစကို လိုက်လံ ရှာဖွေလျက်ရှိပါတယ်။

ဧရာဝတီ