လူငယ်များ AAA ဂိမ်းများကစားရန် စိတ်ဝင်စားမှုလျော့ကျနေ

ပို့စ်တင်ချိန် - 3/13/2014 11:55:00 AM


မိုဘိုင်းနှင့် social games များ ကစားမှုမြင့်တက်လာခြင်းကြောင့် AAA ဂိမ်းများ (ဂိမ်း Studio ကြီးများမှ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ရေးဆွဲဖန်တီးထားသော ဂိမ်းများ) တွင် လူငယ်များ စိတ်ဝင်စားမှု လျော့ကျနေပြီဖြစ်ကြောင်း Hideo Kojima ကပြောခဲ့သည်။ Game TM နှင့်အင်တာဗျူးတွင် Kojima ကဂျပန်နိုင်ငံအတွင်းတွင် အခြေအနေများကို အဓိကထားပြောဆိုခဲ့သည်။

မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးမှာ အထူးခြားဆုံးကို ကြုံတွေ့ရခဲ့ကြောင်း၊ လူငယ်များသည် high-end ဂိမ်းများကို စိတ်ဝင်စားမှုလျော့ကျလာကြောင်း၊ အထူးသဖြင့် ဂျပန်နိုင်ငံတွင် social နှင့် မိုဘိုင်းဂိမ်းများ အပေါ် အာရုံစိုက်မှုပိုများနေကြကြောင်း Kojima က ပြောကြားခဲ့သည်။

“အဆင့်မြင့်ဂိမ်းတွေကို ကစားမှုက ထိုးကျသွားတယ်။ ဒါက ဂျပန်ဂိမ်းဈေးကွက်ရဲ့ အလားအလာဖြစ်နိုင်ဖွယ်ရှိတယ်” လို့  Hideo Kojima က ပြောသည်။
-စိုးထက်
Ref : Gamespot
Internet Journal