မျက်လုံးထဲကို ပလက်တီနမ် အသည်းပုံ ခွဲထည့်ခြင်းများ ခေတ်စားနေ

ပို့စ်တင်ချိန် - 3/13/2014 10:03:00 AM


ငွေကြေး တတ်နိုင်တဲ့ သူတွေဟာ အလှ အပ ရေးရာ အတွက် တစ်ကိုယ်လုံး ကို ခွဲစိပ် ပြုပြင် မှုတွေ ပြု လုပ် နေကြ ပါတယ်။ နောက်ဆုံး ခေတ်စား တဲ့ ဖက်ရှင် တစ်ခု ကတော့ မျက်လုံး ထဲမှာ ပလက် တီနမ် အသည်း ပုံ ထည့်သွင်း ခြင်းပဲဖြစ်ပါတယ်။ ဒါကို အမေရိကန် နိုင်ငံ က အစား အသောက် နဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ မျက်လုံးသုတေသန အဖွဲ့အစည်း တို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း မှာ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့မှာ အမျိုးသမီး တစ်ဦး ဟာ မျက်လုံးအတွင်း မှာ ပလက်တီနမ် နဲ့ပြုလုပ် ထားတဲ့ အသည်း ပုံစံကို ထည့်သွင်းခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ အမည် က တော့ ခရစ္စတီနာဖြစ်ပြီး နယူးယော့ခ် မြို့မှာ ဖွင့်လှစ်ထားတဲ့ မျက်စိ ဆေးခန်းမှာ လာရောက် ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ နယူးယော့ခ် မြို့မှာ မျက်လုံးအတွင်း ပလက်တီ နမ်အသည်းပုံစံကို ပထမဆုံး ထည့်သွင်းမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အ ခြား နိုင်ငံတွေမှာတော့ ဒီဖက်ရှင်ဒီဇိုင်းပုံစံကို ပြု လုပ်မှုတွေ အများအပြားရှိနေပြီဖြစ်ပါတယ်။

ပလက်တီနမ်အသည်းပုံစံဟာ (၃ ဒသမ ၅) မီလီမီ တာသာ ရှိပြီး စတင်ထည့်သွင်းချိန် မှာ အနည်းငယ် နာ ကျင်မှာဖြစ်ပေမယ့် မည် သည့်ပြဿနာမှမရှိကြောင်း ခရစ္စတီနာရဲ့ မျက် လုံး အတွင်းကို ပလက်တီနမ် အ သည်း ပုံစံ ထည့် သွင်းပေးခဲ့တဲ့ ဆရာဝန် အီမီချန်က ပြောကြား သွားခဲ့ပါတယ်။ ဒီလို ပြုလုပ်ခြင်းကို ဥရောပ နိုင် ငံ တစ်ဝန်းနဲ့ လော့စ်အိန်ဂျလိစ်တို့မှာ ရာပေါင်းများစွာ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် နယူးယော့ခ်မြို့မှာတော့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဖက်ရှင်ဒီဇိုင်းကို ၂၀၀၄ ခုနှစ် ကတည်း က နယ်သာလန် မျက်စိ အထူးကု ဆရာဝန်တွေက ဖန်တီးခဲ့ခြင်းဖြစ်ပါ တယ်။ မျက်စိ အတွင်း ကို ပလက်တီနမ် အသည်း ပုံစံ ထည့်သွင်းရာမှာ စိတ် ရှည်ဖို့လိုသလို ဂရု တစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆရာဝန် တွေက အကြံပြု ခဲ့ပါတယ်။ ဒီလိုမျိုး တစ် ကြိမ် ပြုလုပ်ခဲ့လို့ရှိရင် အမေရိကန် ဒေါ်လာ (၃၀၀၀) ကုန်ကျမှုရှိမယ်လို့ သိရပါ တယ်။

The Messenger