သင်္ကြန်မဏ္ဍပ်များတွင် တစ်နေ့ (၂ ) ကြိမ် မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်

ပို့စ်တင်ချိန် - 3/13/2014 07:04:00 PM




သင်္ကြန်မဏ္ဍပ် များ လုံခြုံရေး အတွက် မဏ္ဍပ် ပတ်ဝန်းကျင် များကို တစ်နေ့ လျှင် (၂) ကြိမ် မိုင်းရှင်း လင်းမှု ပြုလုပ် သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်းဝင်း က ပြောသည်။

မဏ္ဍပ်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ပြီး ရေမပက်ခင် တစ်ကြိမ်၊ ညနေ မဏ္ဍပ်သိမ်း ပြီးချိန်မှာတစ်ကြိမ် မိုင်းရှင်းလင်းရေးလုပ်သွား မှာပါ””ဟု ၎င်း က ပြောသည်။ ယခုနှစ် သင်္ကြန် မဏ္ဍပ်များ နှင့် ရေ ကစားသူများ လုံခြုံရေးအတွက် မဏ္ဍပ်များ တွင်လုံခြုံရေး ကွပ်ကဲမှုရုံးငယ်များ ဖွင့်လှစ် သွားမည်ဖြစ်ကာ မဏ္ဍပ်များရှိ CCTV ကင် မရာများနှင့် နေ့စဉ်မှတ်တမ်း ဗီဒီယိုကားများ ကို သက်ဆိုင်ရာ မဏ္ဍပ် ၏ အနီးဆုံး လုံခြုံရေး ကွပ်ကဲရုံးသို့ နေ့စဉ် ပေးပို့သွားရန်လည်း ညွှန် ကြားထား ကြောင်း သိရသည်။ အရေးပေါ် အခြေ အနေ တစ်ခုခုကြုံ လို့ရှိရင် မဏ္ဍပ်တာဝန်ရှိသူတွေအနေနဲ့လည်း အနီးဆုံး လုံခြုံရေး ကွပ်ကဲရုံးကို ဆက်သွယ် အကြောင်းကြား နိုင်ပါတယ် ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဆက်ပြေသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် သင်္ကြန် အကြတ်နေ့ က ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ ဌ၂၀ ရေကစားမဏ္ဍပ်အနီးတွင် ဗုံးပေါက် ကွဲ မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ သေဆုံး မှုများ ဖြစ်ပွားခဲ့ ကာ လူအများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မဟာ သင်္ကြန်ကာလ အတွင်း ရေကစားကြသူများအန္တရာယ်ကင်း ရှင်းရန်အတွက် မဏ္ဍပ် လုံခြုံရေးနှင့် စည်း ကမ်းထိန်းသိမ်းကော်မတီက မဏ္ဍပ်ဆောက် လုပ်သူများအား စည်းကမ်းချက်အချက် (၂၀) ကို ထုတ်ပြန်ထားကြောင်း သိရသည်။

Messenger News Journal