ကိုရီးယားနိုင်ငံသားအား ပုံနှိပ်စက်ပစ္စည်းများမပို့၍ လိမ်လည်မှုဖြင့် အရေးယူ

ပို့စ်တင်ချိန် - 7/30/2013 02:38:00 PM

ရန်ကုန်၊ ဇူလိုင် ၃၀

၁၇.၁.၂၀၁၃ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ဦးအောင်ကျော်ဦး၊ (ဘ)ဦးကျော်လှိုင်သည် ကိုရီးယားနိုင်ငံရှိ
M.S MYOUNG SHIN INDUSTRY CO.,Ltd မှ ဥက္ကဌဖြစ်သူ
Mr.YOON ထံ E-mail ဖြင့်ဆက်သွယ်ကာ ပုံနှိပ်စက်နှင့်ဆက်စပ်ပစ္စည်းများအား US ဒေါ်လာ ၁၅၅၈၀၀ ဖြင့်ဝယ်ယူရန်စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်းပစ္စည်းများအတွက် US ဒေါ်လာ ၁၂၀၀၀၀ အား Mr.YOON လွှဲအပ်ခိုင်းသည့် ဘဏ်သို့လွှဲပေးခဲ့ပြီး ပစ္စည်းများအား ၂၀၁၃ ခုနှစ်မေလတွင်
နောက်ဆုံးထားပို့ပေးရန်သဘောတူခဲ့သော်လည်း ယနေ့အချိန်အထိ ပစ္စည်းများအားပို့အပ်ပေးခြင်းမရှိသည့်အပြင် US ဒေါ်လာများ
အားလည်း ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ယခုမြန်မာနိုင်ငံတွင်
ရောက်ရှိနေ သည့် Mr.YOON အားအရေးယူပေးရန် ဦးအောင်ကျော်ဦးမှတိုင်တန်းခဲ့ရာ ပုဇွန်တောင်မြို့မရဲစခန်း
(ပ)၁၆၄/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police