အရပ်မြင့်ခြင်းနှင့် ကင်ဆာ ဆက်စပ်ဟုဆို

ပို့စ်တင်ချိန် - 7/30/2013 09:39:00 AM

အရပ်မြင့်သည့် အမျိုးသမီးများသည် ကင်ဆာဖြစ်နိုင်သည့် ရာခိုင်နှုန်း များကြောင်း၊ အရပ်မြင့်လေ ကင်ဆာဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ကြောင်း Cancer Epidemiology, Biomarkers & Prevention ဂျာနယ်တွင် ဖော်ပြ ထားသည်။

Women's Health Initiative (WHI) အဖွဲ့က အသက် ၅၀ နှစ်မှ ၇၉ နှစ် အတွင်း အမျိုးသမီး ၂၀,၉၀၀ ဦးကို လေ့လာ စမ်းသပ်ကြည့်ရာတွင် ထိုရလဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးများကို အုပ်စု ငါးစု ခွဲပြီး လေ့လာရာ၌ အရပ် ၅ ပေ ၁ လက်မနှင့် အထက် အမျိုးသမီးများ တွင် ကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုများသည်ကို တွေ့ရှိခဲ့ ရသည်။ ၅ ပေ ၁ လက်မနှင့် အထက် အရပ် တစ်စင်တီမီတာ မြင့်သွားတိုင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ ၁၃ ရာခိုင်နှုန်း တိုးသွားနိုင်သည်ဟု ယင်းဂျာနယ် တွင် ရေးသားထားသည်။
The Voice Weekly