ကညနက ယာဉ်အို၊ ယာဉ်ဟောင်းလက်မခံမှုကြောင့်ရန်ကုန်တွင် ယာဉ်ဟောင်းများဖြင့်သာ ပြေးဆွဲနေရဟုဆို

ပို့စ်တင်ချိန် - 7/30/2013 02:22:00 PM


ဇူလှိုင်(၃၀) ရန်ကုန်

ရန်ကုန်မြို့ တွင်းပြေးဆွဲနေသော ဘတ်စ်ကား ယာဉ်အို၊ ယာဉ်ဟောင်းများနေ ရာတွင် ကားအသစ်များဖြင့်အစားထိုးပြေးဆွဲလိုသော်လည်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနမှ ပြောင်းလဲအပ်နှံခွင့်မပြု ခြင်းကြောင့် ယာဉ်ဟောင်းများဖြင့် သာ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း မထသဌာနခွဲ(၇)မှ ယာဉ်ပိုင်ရှင် ဦးမင်းဇော်က ပြောသည်။
ဇူလိုင်၂၈ရက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ပြုလုပ်သော မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီးအား ခေတ်စနစ်နှင့်အ ညီ ယာဉ်ပိုင်ရှင်များဖြင့် ပြန်လည် ဖွဲ့စည်းပေးနိုင်ရန် ဆန္ဒထုတ်ဖော် သတင်းစာရှင်းလင်းပွဲတွင်ပြော ခြင်းဖြစ်သည်။
ဦးမင်းဇော်က''ယာဉ်ပိုင်ရှင် တွေအနေနဲ့ မြို့တွင်းပြေးဆွဲနေ တဲ့ယာဉ်အိုတွေနေရာမှာ ယာဉ် အသစ်တွေ ပြောင်းလဲပြေးဆွဲဖို့ ငွေကြေးအရင်းအနှီးတတ်နိုင်ပေ မယ့် ကညန ကယာဉ်အိုယာဉ် ဟောင်း ပြောင်းလဲပေးခြင်းမရှိတဲ့ အတွက် အဟောင်းတွေနဲ့ပဲပြေး ဆွဲနေရတယ်''ဟု ပြောသည်။
လက်ရှိကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှူးဦးစီးဌာနတွင် ချက်ပလက်ကားများကိုသာအပ် နှံခွင့်ပြုထားပြီး ရန်ကုန်မြို့တွင်း ခရီးစဉ်တစ်ခု ၅၀ ကျပ်၊ ၁ဝဝကျပ် ဖြင့်ပြေးဆွဲနေသော ယာဉ်အိုယာဉ် ဟောင်းများကို အပ်နှံပြောင်းလဲ ခွင့်မရှိသေးကြောင်း မထသဌာန ခွဲ(၇)မှ ယာဉ်ပိုင်ရှင်ဦးအောင်ခိုင် ကပြောသည်။
ဦးအောင်ခိုင်က''ကညနက ယာဉ်ဟောင်းတွေကို စီအန်ဂျီအ ခက်အခဲကြောင့် ပြောင်းလဲအပ် နှံခွင့်မပြုနိုင်သေးဘူး။ ချက်ပလက် တွေပဲအပ်နှံခွင့်ပြုထားတယ်။ ယာဉ်ဟောင်းတွေကို အက္ခရာ လိုက်အပ်ရပေမယ့် တစ်ချို့ကပြန် မကျဘူး။ တစ်ချို့ယာဉ်ပိုင်ရှင်တွေ ကလည်း မအပ်ဘဲပြေးဆွဲနေကြ တဲ့အတွက် မြို့တွင်းယာဉ်တွေမှာ ယာဉ်အို၊ ယာဉ်ဟောင်းတွေများ နေတာ''ဟု ပြောသည်။
လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကား ယာဉ်ပေါင်း ၆ဝဝဝကျော်ရှိပြီး ယင်းအထဲတွင်ယာဉ်အို၊ ယာဉ် ဟောင်းအများဆုံးပါဝင်ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
ကုမ္ပဏီဝန်ထမ်းတစ်ဦး က''အခုလိုင်းတွေကို ထိုင်ခုံအပြည့် မပါဘူး။ တစ်ချို့ကားတွေဆိုရင် မိုးရွာရင် ကားထဲမှာထီးဆောင်းပြီး နေရတယ်။ အခုကားတွေတော့ တင်သွင်းခွင့်ပြုပြီး ပြည်သူအများ စုစီးနင်းကြတဲ့ကားတွေက မြင်မ ကောင်းအောင်စုတ်ပြတ်နေတယ်'' ဟု သုံးသပ်ပြောသည်။

Yangon Media Group
ဖြိုးလွင်အောင်