ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာတွေ့ရှိအရေးယူ

ပို့စ်တင်ချိန် - 7/30/2013 07:03:00 PM


ရန်ကုန်၊ ဇူလိုင် ၃၀

၂၈.၇.၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန်တွင် အရှေ့ပိုင်းခရိုင်
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများဖြင့်ပြစ်ဒဏ်ကျခံခဲ့ဖူးသူ သိန်းဇော်ဦး(ခ)ကတုံး၊ (ဘ)ဦးသိန်းဝင်း၊ ထမလုံကျေးရွာ၊ သန်လျင်မြို့နယ်နေသူအား ZHINENG-125 အမျိုးအစား အပြာအနက်စက်ကြားဆိုင်ကယ်
(၁)စီးနှင့်အတူ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးအတွင်း၌ မသင်္ကာတွေ့ရှိစစ်ဆေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထား
တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၅၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပါသည်။

အဆိုပါအမှုနှင့်ဖမ်းဆီးထားသူအား အခြားမြို့နယ်များအတွင်းမှ
ဖြစ်ပွားသည့် ဆိုင်ကယ်ခိုးမှုများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police