ရန်ကုန် လပြည့်ဝန်းပလာဇာတွင် နေ့လည်ခင်း မီးလောင်

ပို့စ်တင်ချိန် - 7/30/2013 06:18:00 PM


ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ယနေ့နေ့လည့် ၁၂၂၀အချိန် မီးလောင်မှုဖြစ်ပွားသဖြင့်အဆိုပါနေရာသို့မီးသတ်ယာဉ်
(၁၁)စီး၊အုပ်ချုပ်မှုယာဉ်(၅)စီး၊အထောက်အကူပြုယာဉ်(၆)စီးတို့ဖြင့်
မီးငြိမ်းသတ်ခဲ့ရာ ၁၂၃၀ အချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်းYangon Policeမှသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ဆက်လက်စုံစမ်းစစ်ဆေးလျက်
ရှိကြောင်းသိရသည်။

မြ၀တီ