ဘုရားအလှူခံပုံးအားခွဲ၍ ငွေများခိုးယူသူအား အရေးယူ

ပို့စ်တင်ချိန် - 7/30/2013 02:22:00 PM


ရန်ကုန်၊ ဇူလိုင် ၂၉

၂၈.၇.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် ဦးကျော်မင်း၊ အောင်တော်မူဆုတောင်း
ပြည့်ဘုရား ဂေါပကဥက္ကဌ၊ ဗဟန်းမြို့နယ်နေသူသည် ဗိုလ်စိန်မှန်ရပ်ကွက်၊
ဗိုလ်တေဇလမ်းနှင့် ရွှေဂုံတိုင်လမ်းထိပ်ရှိ အောင်တော်မူဆုတောင်းပြည့်
ဘုရားဝင်းတံခါးအားဖွင့်စဉ် ဘုရားဝင်းစေတီရှေ့ရှိအလှူခံပုံးကိုလူငယ်တစ်ဦး
မှ ကြေးစည်လက်ခတ်ဖြင့်ထုခွဲနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်အုပ်ချုပ်
ရေးမှူးအဖွဲ့ နှင့်အတူစစ်ဆေးရှာဖွေရာ၎င်းမှာ ဇော်ထက်အောင်၊(ဘ)ဦးထွန်း
အောင်၊၀မ်းတွင်းမြို့နယ် နေသူဖြစ်ပြီး၎င်းဝတ်ဆင်ထားသောပုဆိုးခါးပုံစ
အတွင်းမှအလှူခံပုံးခွဲ၍ခိုးယူထားသောငွေစက္ကူ ရောရာ(၅၄၂၅)ကျပ်
အားတွေ့ရှိသောကြောင့် အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မ
ရဲစခန်း(ပ) ၂၉၇/၂၀၁၃၊ ပုဒ်မ ၃၇၉ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးအရေး
ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police