တရားမ၀င် ကျွန်းခွဲသားများတင်ဆောင်လာသော ယာဉ်(၂)စီး အားဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 7/30/2013 06:42:00 PM


ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် လှည်းကူးမြို့မရဲစခန်း၊
ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာန၀န်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရလှည်းကူး မြို့နယ်၊ ငွေနံ့သာကျေးရွာအနောက်ဘက်ရှိ
နှင်းဆီးလမ်းပေါ်တွင် ၇ခ/---- နှင့် ၈ဈ/----ဟိုက်အေ့စ်ယာဉ်(၂)စီး အားတွေ့ရှိစစ်ဆေးစဉ် အဆိုပါယာဉ်များပေါ်မှ လူ(၅)ဦးမှာ ထွက်ပြေးကြသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကောင်းထက်(၂၁)နှစ်၊ (ဘ)ဦးဇင်ဝင်း၊ မင်္ဂလာဒုံမြို့နယ် နှင့် ဌေးနိုင် (၄၃)နှစ်၊ (ဘ)ဦးတင်ထွန်း မင်္ဂလာဒုံမြို့နယ်နေသူတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါယာဉ် (၂)စီးအား ဆက်လက်စစ်ဆေးရာ ၇ခ/---- ယာဉ်ပေါ်မှ တရားမ၀င်ကျွန်းခွဲသား ဆိုဒ်စုံ (၃၅)ချောင်း၊ (၁.၃၃၄)တန်၊ ၈ဈ/---- ယာဉ်ပေါ်မှ တရားမ၀င်ကျွန်းခွဲသားဆိုဒ်စုံ (၃၂)ချောင်း (၁.၀၃၈) တန်၊ စုစုပေါင်း(၂.၃၇၂)တန်၊ ဒေသပေါက်ဈေး (၂၈၄၆၄၀၀) ကျပ်အားတွေ့ရှိ၍ ကျွန်းခွဲသားများနှင့် ယာဉ်(၂)စီးအား သိမ်းဆည်းပြီး
ကောင်းထက် နှင့် ဌေးနိုင်တို့အပေါ် လှည်းကူးမြို့မရဲစခန်း
(ပ)၂၇၅/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။
Yangon Police