အမှတ် (၂၂၆)ယာဉ်လိုင်းမှ တိုက်ပြီးအငှားယာဉ်နှင့် ချိတ်ပါကာ အမည်မသိအမျိုးသား သေဆုံး

ပို့စ်တင်ချိန် - 7/30/2013 02:00:00 PM


ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၉၀၅ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းအတိုင်း၊ လသာမြို့နယ်ဘက်မှ ပန်းဘဲတန်းမြို့နယ်
ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော အမှတ်(၂၂၆)
ယာဉ်လိုင်းမှ ၇ခ/---- FUSO အမျိုးအစားခရီးသည်တင်ယာဉ်သည် ၂၇လမ်းနှင့် ကုန်ဈေးတန်းလမ်းကြားအရောက်
မြောက်မှတောင်သို့လမ်းဖြတ်ကူးသူ အမည်မသိ၊အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအားတိုက်မိရာ ယာဉ်တိုက်ခံရသူမှာ ကမ်းနားလမ်း ပေါ်သို့လွင့်စင် လဲကျလျက်ရှိစဉ် ကမ်းနားလမ်း
အတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်းကြည်စိုး၊ (ဘ)ဦးခင်ဝင်း၊ လမ်းမတော်မြို့နယ်နေသူမောင်းနှင်သည့် AA-----၊
တိုရိုတာကရီးနားဗင် အဖြူရောင်အငှားယာဉ်မှ ဆက်လက်တိုက်မိပြီး ယာဉ်၏ရှေ့ ဘန်ဘာအောက်တွင် ချိတ်ပါသွားသဖြင့်
ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ယာဉ်တိုက်ခံရသူ အမည်မသိအမျိုးသား
အား ဦးခေါင်းနောက်စေ့ဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊၀ဲ/ယာ ခြေလက်များ
စုတ်ပြဲဒဏ်ရာ များဖြင့် သေဆုံးနေသည် ကိုတွေ့ရှိရ၍ ပန်းဘဲတန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အမှတ်(၂၂၆)ယာဉ်လိုင်းမှ ၇ခ/---ယာဉ်မောင်း(စုံစမ်းဆဲ)နှင့်
AA-----၊ ယာဉ်မောင်း ကြည်စိုးတို့(၂)ဦးအား အရေးယူထားရှိပါသည်။

အဆိုပါယာဉ်တိုက်မှုမှ သေဆုံးသူအားစုံစမ်းလျက်ရှိပြီး
ယာဉ်မောင်း ကြည်စိုးအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းနှင့်
အမှတ်(၂၂၆) ယာဉ်လိုင်းမှ ယာဉ်မောင်း(စုံစမ်းဆဲ)မှာ အခင်းဖြစ်ရပ်တွင် ယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police