တရားမ၀င်နွားမှောင်ခိုသယ်ဆောင်သူများအား ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 7/30/2013 01:58:00 PM


ရန်ကုန်၊ ဇူလိုင် ၃၀

၃၀.၇.၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူကျောက်တန်းမြို့နယ်၊ ကမာကလုပ်ကျေးရွာမှ ပန်းတောကျေးရွာ၊ မှော်ဝန်းချောင်းအတိုင်း
မော်လမြိုင်မြို့နှင့်မုဒုံမြို့များသို့ နွားများတရားမ၀င်မှောင်ခို
သယ်ဆောင်နေကြောင်းသတင်းအရ ပန်းတောကျေးရွာနှင့် ကမာကလုပ်ကျေးရွာကြား စန္ဒီကျေးရွာတာထိပ်မှ
စောင့်ဆိုင်းနေစဉ် နွားထီး(၅) ကောင်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇)သိန်းအား ကျောက်တန်းမြို့နယ်၊ ကမာကလုပ်ကျေးရွာနေ
လှဌေး(ဘ)ဦးကြာရိုး၊ ရွှေဝါထွန်း(ဘ)ဦးကြာရိုး၊နီလေး(ဘ)ဦးသန်းထွန်း၊ ဇင်ကိုထွန်း(ဘ)ဦးရွှေဝါထွန်းတို့ (၄)ဦးမှ သယ်ဆောင်လာသည်ကို
တွေ့ရှိရသဖြင့် စစ်ဆေးရာတရားမ၀င် သယ်ဆောင်လာကြောင်း စစ်ဆေးသိရှိရ၍ ကျောက်တန်းမြို့မရဲစခန်း (ပ)၂၂၃/၂၀၁၃၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police