ဓားခုတ် ခံရသူ မသေဘဲ ဓားခုတ်သူ ချော်လဲ၍သေဆုံး

ပို့စ်တင်ချိန် - 7/08/2013 01:35:00 PM

ပုသိမ်   ဇူလိုင်   ၇
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် သဲချောင်း ကျေးရွာ၌  ယမန်နေ့ နံနက်ပိုင်းက  ဓားနှင့် ခုတ်ခံရသူ မသေဘဲ ဓားခုတ်သူ ချော်လဲ ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့  နံနက် ၁၁ နာရီ  ၄၅ မိနစ်က ငပုတောမြို့နယ် ကွင်းဘက်အုပ်စု သဲချောင်း ကျေးရွာနေ သက်ခိုင် ၃၆ နှစ် (ဘ) ဦးစောအေးသည် နေအိမ်၌ ရှိနေစဉ် အတူ နေထိုင်သည့် ဖခင်ဖြစ်သူ ဦးစောအေးသည် အရက်မူးလာပြီး စကားများ ရန်ဖြစ်ရာ ဦးစောအေးမှ အသင့် ပါလာသော ဓားဖြင့် ခုတ်ခဲ့သည်။

ထို့ကြောင့် သက်ခိုင်၏ ဝဲနားရွက် ပြတ်ရှ၊ ဝဲလက်ဖျံ ပြတ်ရှ၊  ဝဲဒူးခေါင်း ပြတ်ရှဒဏ်ရာ ရရှိပြီး  ဦးစောအေးမှာ နေအိမ်ခြံ အတွင်း  ချော်လဲကျစဉ် စဥ့်အိုးကွဲခြမ်းနှင့် ဆောင့်မိ၍   ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာရရှိ   သေဆုံးခဲ့သည်။

အဆိုပါ  ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ် ရွှေစံအောင်၏ တိုင်တန်းချက် အရ သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။