ဧရာဝတီမြစ်၁အတွင်း တည်ဆောက်နေသည့်ခရီးသည်တင်ရေယာဉ်ကြီး ဆီးဂိမ်းအမီပြေးဆွဲမည်

ပို့စ်တင်ချိန် - 9/18/2013 08:51:00 AM


ဧရာ ဝတီမြစ်အတွင်း GC Myanmar Company Floating Mobile Hotel အဆင့်မြင့် ခရီးသည်တင် ရေယာဉ်ကြီးကို ဒီဇင်ဘာလ ဆီး ဂိမ်းအမီ ပြေးဆွဲနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အာလောင် ရွာအနီးတွင် ရေယာဉ်ကို တည် ဆောက်လျက်ရှိကြောင်း GC မြန်မာ ကုမ္ပဏီမန်နေဂျင်း ဒါရိုက် တာ ဦးထွန်းထွန်းက ပြောသည်။

''ကရဝိက်ဖောင်တော်ကြီး ကို ပုံစံထုတ်ပြီး ၂၀၁၃ ခုနှစ် မတ် လက စတင်တည်ဆောက်ခဲ့ရာ ရာခိုင်နှုန်း ၇၀ နီးပါး ပြီးစီးပြီဖြစ် ပါတယ်။ ရေယာဉ်က အလျား ပေ ၂၅၀၊ အနံ ပေ ၇၀ ရှိတဲ့ နှစ် စီးတွဲဖြစ်ပါတယ်။ ကရဝိက်တံခွန် ရဲ့ အမြင့်က ၂၄ပေရှိပြီး ရေယာဉ် ကော၊ ကရဝိက်ပါ ခိုင်မာမှုနှင့် ရာသီဥတုဒဏ် ခံနိုင်ရေးအတွက် စီစဉ်တည်ဆောက်လျက်ရှိပါတယ်။ ရေယာဉ်က သုံးထပ်အဆောက် အအုံဖြစ်ပြီး ပထမထပ်နဲ့ ဒုတိယ ထပ်မှာ နှစ်ယောက်အိပ်ခန်း အ ခန်း ၂၀၊ မိသားစုအိပ်ခန်း သုံးခန်း စီ ပါဝင်မှာဖြစ်ပါတယ်။

အပေါ်ထပ် မှာ စားသောက်ခန်းမ၊ ရေကူးကန်၊ အသေးစား အားကစားအထောက် အကူပြု အားကစားပစ္စည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဟိုတယ် တစ်ခုရဲ့ ဝန်ဆောင်မှုအတိုင်း စီ မံဆောင်ရွက်ထားပါတယ်။ ရေ ယာဉ်ပေါ်မှာ မင်္ဂလာခန်းမ၊ မွေးနေ့ နဲ့ အစည်းအဝေးပွဲတွေကို ငှား ရမ်းအသုံးပြုနိုင်ပါတယ်'' ဟု ၎င်း ကဆက်လက်ပြောကြားသည်။

GC Myanmar Company Floating Mobile Hotel အဆင့် မြင့်ရေယာဉ်သည် ဧရာဝတီမြစ် အတွင်း မန္တလေး-မင်းကွန်း-ရွှေ ကြက်ယက်ခရီးစဉ်ကို မွန်းလွဲ ၂ နာရီမှ ည ရ နာရီအထိ ငါးနာရီ ခရီးစဉ်ပို့ဆောင်ပေးမည် ဖြစ်ပြီး သဘာဝဆိပ်ကမ်းအလှ၊ ညနေ ဆည်းဆာရှုခင်းအလှ၊ ဧရာဝတီ လင်းပိုင်ခရီးစဉ်၊ အပန်းဖြေလေ ညင်းခံ အနားယူ နားခိုနိုင်ရန်အ တွက် မြန်မာ့ဓလေ့ရိုးရာယဉ်ကျေး မှုပန်းချီ၊ ပန်းပု၊ ပန်းအနုအလှဆင် လျက် နိုင်ငံခြားသားဧည့်သည် တော်များအတွက် ရည်ရွယ်၍ပြေး ဆွဲခြင်း ဖြစ်သည်။
Yangon Media Group