မီးငြိမ်းသတ်ရာမှ မီးသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ စံပြဆေးရုံရောက်ရှိ

ပို့စ်တင်ချိန် - 11/06/2013 05:11:00 PM


ရန်ကုန် ၊ နိုဝင်ဘာလ ၆

ပွင့်ဦး ပရိဘောဂစက်ရုံ မီးလောင်မှုဖြစ်ပွားရာ အရန်တပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိကာ စံပြဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အခင်းဖြစ်ပွားရာရှိ ဒေသခံများထံမှ သိရှိရသည်။

ဒဂုံအရှေ့ပိုင်း စက်မှုဇုန် ၁ ရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် နံနက် ၆ နာရီခွဲတွင် ၀ါယာရှော့မှစတင်၍ မီးလောင်မှုစတင်ဖြစ်ပွားကြောင်း၊ ယင်းမီးလောင်မှုတွင် ဒဂုံမြောက်ပိုင်းရှိ အရန်တပ်ကြပ် ဦးသန့်ဇင်အောင်သည် မီးငြိမ်းသတ်ရာမှ လက်အဆစ်ပြုတ်၍ ထိခိုက်ဒဏ်ရာများရရှိကာ စံပြဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

ယင်းမီးလောင်မှုတွင် Level-4 အဆင့်ထိရှိကာ မီးသတ်ယာဉ် ၅၆ စီး၊ မီးသတ်ရေယာဉ် ၂ စီး၊ ကွပ်ကဲမှုယာဉ် ၅ စီး၊ အထောက်အကူပြု ၄ စီး၊ ကြက်ခြေနီအင်အား ၈၀ ဖြင့်ငြိမ်းသတ်ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ရေးသားသူ-လင်းလင်း
တည်းဖြတ်သူ-နီတိုး
People power