နန်းခင်ဇေယျာ ပထမဆုံးဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး

ပို့စ်တင်ချိန် - 11/06/2013 01:29:00 PM


နန်းခင်ဇေယျာ ပါဝင်သရုပ်ဆောင်မည့် အက်တိုးပစ်အပျိုစင် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာ၎ ရက်မှစတင် ရိုက်ကူးလျက်ရှိသည်။ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး သရုပ်ဆောင်ခန့်စည်သူနှင့်အတူ နန်း ခင်ဇေယျာက အဓိကပါဝင်မည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် နန်းခင်ဇေယျာကဆရာဝန်မအဖြစ် သရုပ် ဆောင်ရမည်ဖြစ်သည်။ ယင်းဇာတ်ကားသည် စာရေးဆရာမယဉ်မင်းဦး၏၀တ္ထုကို မင်းခိုက်စိုးစံက ဇာတ် ညွန်းရေးသားထားခြင်းဖြစ်ပြီးLucky Boss ဗီဒီယိုထုတ်လုပ်ရေးမှ ဖြန့်ချိထုတ်လုပ်မည်ဖြစ်သည်။

Photo- Nang Khin Zay Yar
Mizzima - News in Burmese