ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို

ပို့စ်တင်ချိန် - 11/06/2013 04:54:00 PM


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်းအား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။

အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင်တစ်ဦးကပြောကြားသည်။

လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်။

ရေးသားသူ-နီတိုး
People power