ဖိလစ်ပိုင်တွင် လူပေါင်း ၁ဝဝဝဝ ကျော် သေ ဆုံး ခဲ့ ရ သည့် ဟိုင်ယန် မုန်တိုင်း ဗီယက်နမ်နှင့် တရုတ် နိုင်ငံသို့ ဆက်လက် ဝင်ရောက်မည် …..

ပို့စ်တင်ချိန် - 11/11/2013 05:11:00 PM


ဖိလစ်ပိုင် နိုင်ငံတွင် လူပေါင်း ၁ဝဝဝဝ ကျော် သေဆုံးကာ ၄ဒသမ ၄သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်သည် ယခုအခါ ဗီ ယက်နမ် နိုင်ငံနှင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသများသို့ ဦး တည် ရွေ့လျားလျက် ရှိကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းယမြို့အား အဖျားခတ်ကာ တိုက်ခတ်သွားမှုကြောင့် စက်လှေ တစ်စင်းနစ်မြုပ်ခဲ့ပြီး ခြောက်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ ၎င်းမုန်တိုင်း တိုက်ခတ်နိုင် မှုအား တရုတ်နိုင်ငံ မိုးလေဝသ ဌာနက အနီရောင်အဆင့် သတ်မှတ်ထားကာ ကယ်ဆယ်ရေး လုပ် ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဆန်းယမြို့ ဒေသခံပြည်သူ ၁၃ဝဝဝ ဦးအား ဘေးလွတ်ရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးနိုင် ခဲ့ကြောင်းနှင့် စက်လှေ အစင်းရေ ၄ဝဝ ကိုလည်း ဆိပ်ကမ်းသို့ ပြန်ခေါ်ထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါပြည်နယ်ရှိ နိုင်ငံတကာ လေဆိပ်နှစ်ခုမှ လေ ယာဉ်ခရီးစဉ် ၂ဝဝ ကျော်ကိုလည်း ဖျက်သိမ်းခြင်းနှင့် အချိန်လွှဲပြောင်း ခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရ သည်။

ယခုတိုက်ခတ်မည့် မုန်တိုင်းသည် တရုတ်နိုင်ငံ၌ ယခုနှစ် အတွင်း တိုက်ခတ်သည့် မုန်တိုင်းများအနက် ၃ဝ ခုမြောက် မုန်တိုင်း ဖြစ်သည်။

ထို့အပြင် ၎င်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ ၁၁ ရက်နံနက် အစောပိုင်းတွင် ဝင်ရောက်နိုင်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထား ရှိကာ ဒေသခံပြည်သူ ၆ သိန်းခန့်ကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ ပေး ထားကြောင်း သိရသည်။
Shan News