မြန်မာ့ကြေးစည်နှင့်ဆည်းလည်းများ နိုင်ငံခြားခရီးသွားဧည့်သည်များ နှစ်သက်သဘောကျ

ပို့စ်တင်ချိန် - 11/11/2013 08:48:00 AM


မန္တလေး နိုဝင်ဘာ ၁၀
မြန်မာလူမျိုးတို့၏ ကုသိုလ်ကောင်း မှုများအမျှဝေရာတွင်အသုံးပြုသည့် မြန်မာ့ကြေးစည်နှင့် စေတီပုထိုးများ၏ ထီးတော်များတွင် အသုံးပြုသည့် ဆည်းလည်းများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ နှစ်သက်သဘောကျ ကြောင်း မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားတွင် ကြေးစည်၊ ဆည်းလည်း လက်ပွေ့ ရောင်းချသူများက ဆိုသည်။
]]ကုသိုလ်တော်ဘုရားကို လာရောက် ဖူးမြော်လေ့လာတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တချို့ နှစ်သက်သဘောကျ လို့ အမှတ်တရဝယ်ယူတာမျိုးရှိပါ တယ်။ ရောင်းတဲ့သူက ကြေးစည် ကိုထုပြ၊ ဆည်းလည်းကို လှုပ်ပြတော့ ချိုလွင်တဲ့အသံတစ်မျိုး ထွက်တာကို သဘောကျပြီး ကိုယ်တိုင်လှုပ်ကြည့် ကာ ဝယ်ယူကြတယ်။ အကြီး၊အသေး လက်ရာလိုက်ပြီး ကျပ် ၂၀ဝ၀ ကနေ ကျပ် ၃၀ဝ၀ ထိ ရောင်းရတာမျိုးပေါ့။ မင်းတုန်းမင်းကြီး တည်ထားကိုးကွယ် ခဲ့တဲ့ ကုသိုလ်တော်ဘုရားကို နိုင်ငံ ခြားခရီးသွားဧည့်သည်အများအပြား လာရောက်လေ့လာ ဖူးမြော်ကြတယ်။ အဲဒီလိုလာတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တချို့က ကြေးစည်နဲ့ ဆည်းလည်းကို နှစ်သက်သဘောကျ ပြီး ဝယ်ယူကြတာဗျ,, ဟု ကုသိုလ်တော် ဘုရားအတွင်း ဆည်းလည်း၊ ကြေးစည် လက်ပွေ့ရောင်းချသည့် လူငယ် တစ်ဦးက ပြောသည်။
မြန်မာလူမျိုးတို့သည် ကုသိုလ် ကောင်းမှုပြုပြီးစအချိန်တွင် မိမိပြု သည့်ကုသိုလ်ကို တခြားသူများက ကြေးစည်သံကိုကြား၍ သာဓုခေါ် အမျှယူစေနိုင်ရန်အလို့ငှာ ကြေးစည် ကို ထုရိုက်အသုံးပြုပြီး ကောင်းမှု အမျှဝေသကဲ့သို့ စေတီပုထိုးများ၏ထီးတော်များတွင် ဆည်းလည်းများကို တပ်ဆင်ပူဇော်ကာ ကုသိုလ်ကောင်း မှုပြုရန်၊ မေ့လျော့သူများ ဆည်းလည်း သံကို ကြားရပါက ကုသိုလ်ကောင်းမှု ပြုရန် အောက်မေ့သတိရလာစေရန်နှင့် ကုသိုလ်ကောင်းမှုပြုသူများသည် ဆည်းလည်းသံကိုကြားရကာ မိမိတို့၏ကုသိုလ်ကောင်းမှုများကို ပီတိသောမန ဿပွားများစေရန် ရည်ရွယ်၍ ဆည်း လည်းများကိုအသုံးပြုပူဇော်ထားရှိ ခြင်းဖြစ်သည်ဟု လေ့လာသူတချို့က ဆိုသည်။
ချမ်းသာ(မိတ္ထီလာ)
The Mirror Daily