ပိုင်ရှင်လုပ်မှာလား ပညာရှင်လုပ်မှာလား

ပို့စ်တင်ချိန် - 12/20/2013 06:00:00 AM



ခေတ်ကပြောင်းလာတော့ တချို့အ ခြေအနေတွေလည်း ပြောင်းလာကြတယ်။ နိုင်ငံတော်ပိုင်ကဏ္ဍကနေ ပုဂ္ဂလိကအခန်း ကဏ္ဍကို တဖြည်းဖြည်းလှည့်ပြောင်းလာ တော့ အခင်းအကျင်းအသွင်အပြင်တွေ လည်း မတူတာတွေရှိတယ်။ အရင်က တစ် ဦးတည်းပိုင် ]အင်တာပရိုက်} ကလေးတွေ ကနေပြီး ပုဂ္ဂလိကကုမ္ပဏီလေးတွေပေါ် ပေါက်လာတယ်။

     ပုဂ္ဂလိကကုမ္ပဏီလေး တွေဖြစ်လေတော့ မများတဲ့အရေအတွက် နဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေစုပြီး လုပ်ကြတာပါ။ အဖကြီးစိုးတဲ့စနစ်က လွှမ်း မိုးခဲ့တဲ့ နိုင်ငံမို့လည်း ကုမ္ပဏီမှာ အဖေကြီ၊ အမေက ဒါရိုက်တာအဖွဲ့ဝင်၊ သား ကြီးက မန်နေဂျာ၊ သမီးက စာရင်းကိုင်၊ နီးစပ်ရာဆွေမျိုးအဝန်းအဝိုင်းနဲ့ ကုမ္ပဏီ တစ်ခုထူထောင်ပြီး အလုပ်လုပ်လာကြပါ တယ်။

    အများနဲ့ မသက်ဆိုင်တဲ့ကုမ္ပဏီဖြစ် လေတော့ လုပ်ငန်းလုပ်ကိုင်ရာမှာ တစ်စုံ တစ်ရာအဟန့်အတားတွေလည်း ရှိတတ် ပါတယ်။ လုပ်စရာရှိတဲ့လုပ်ငန်းက ကြီးကြီး၊ အရင်းအနှီးက နည်းနည်း၊ လူအင်အားက မများလေတော့ အလုပ်မတွင်ဘဲ ဖြစ်နေ တတ်တယ်။ "ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ့်ကြံ-ခါးကမသန်" ဆိုသလို လုပ်ချင်ကိုင်ချင်တဲ့စိတ်၊ လုပ်နိုင်ကိုင် နိုင်တဲ့ စွမ်းရည်ရှိနေပေမဲ့ ခါးနဲ့တူတဲ့ ဓနအင်အားက နည်းပါးနေလေတော့ အလုပ်မဖြစ်ကြဘူး။ မျှော်မှန်းထားတာတွေ ဟာ တစ်ဝက်တစ်ပျက်နဲ့ သဲထဲရေသွန်ဖြစ် သွားရတာ များတယ်။

    ပိုမိုပွင့်လင်းလာတဲ့အချိန်ကို တဖြည်း ဖြည်းရောက်လာတော့ ပုဂ္ဂလိက ကုမ္ပဏီ လေးတွေ စုပေါင်းပြီး "ကုမ္ပဏီစု" (Group of companies) လေးတွေ ထူထောင်လာ တာ အများပိုင်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းကြီး တွေ ထူထောင်ဖို့အခွင့်အရေးရလာတယ်။  မကြာမီရောက်လာကြတော့မယ့် နိုင်ငံ ပေါင်းစုံက ယှဉ်ပြိုင်ဖက်တွေကို ယှဉ်ပြိုင် နိုင်ဖို့ပြင်ဆင်ရတော့မယ်။ ဒါကိုသိထားကြ တဲ့သူတွေ လုပ်ကိုင်ပြဖို့ သဘောတူမျှကြ တဲ့သူတွေဟာ အများဆိုင်ရာကုမ္ပဏီတွေ ကို စတင်ထူထောင်လာကြတယ်။ အများ ကို ရှယ်ယာတွေရောင်းပြီး ရှယ်ယာအ နည်းအများအလိုက် အဲဒီကုမ္ပဏီကြီးတွေ မှာ အမှုဆောင်တွေရွေး ချယ်ဆာင်ရွက်နေကြတာ ကို လည်း တွေ့နေရတယ်။

    ဒီနေရာမှာ သတ်မှတ်ထားတဲ့ ရှယ် ယာတစ်ခုချင်းရဲ့ တန်ဖိုး၊ အဲဒီအစုရှယ်ယာ တွေထဲက တစ်ဦးချင်းဝယ်ယူနိုင်တဲ့အရေ အတွက်၊ အရေအတွက်ဘယ်လောက်ရှိတဲ့ လူတွေကသာ အမှုဆောင်လူကြီးများအ ဖြစ် ရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုတာတွေပေါ် လာပါတယ်။ မှားယွင်းမှုမရှိတဲ့ကိစ္စမို့ဘာမှ  ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေမဲ့ အစု ရှယ်ယာအများကြီးဝယ်ထားတဲ့လူဟာ အ မှုဆောင်ကော်မတီမှာ ဝင်ရောက်ရွေးချယ် ခံနိုင်ပြီး အများက တင်မြှောက်လိုက်တဲ့ ရာထူးတစ်နေရာကို ရယူပိုင်ခွင့်ပြုပါတယ်။ အဲဒီကော်မတီ-ကော်မရှင်ဟာ အစုရှယ် ယာအများစုကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ လူ တွေထဲက သင့်တော်ရာရာကို ရွေးချယ်ယူ တာမို့ ပြောစရာရှိမယ်မထင်ဘူး။ သူတို့က  အဲဒီအများဆိုင်ရာကုမ္ပဏီရဲ့ပိုင်ရှင်ကိုး။

    ဒါပေမဲ့ အဲဒီလူတွေကပဲ အဲဒီကုမ္ပဏီ ကြီးရဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စတွေကိုပါ  တာဝန်ခွဲဝေယူလာကြတာကတော့ တစ်ခု ခုလွဲမှားနေသလိုလို ထင်ရတယ်။ ငွေရှင် ဟာ ပညာရှင်လား ဒီအဖြေကို ဖြေနိုင်ဖို့ လိုအပ်မယ်။ အဲဒီကုမ္ပဏီက ရှယ်ယာအ များစုကို ပိုင်ဆိုင်တဲ့သူဌေးကြီး (ဦးဖြူဆိုပါ စို့)ဟာ ပိုင်ရှင်တစ်ဦးဖြစ်တဲ့အတွက် ပိုင် ဆိုင်မှုအခင်းအကျင်းနဲ့ ဆိုင်တဲ့တစ်နေရာ ရာမှာ ရာထူးတစ်ခုခုကို ပိုင်ဆိုင်ထားတယ် ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီ သူဌေးကြီးဟာ ကုမ္ပဏီရဲ့စီမံအုပ်ချုပ်မှု အ ပိုင်းမှာ ပါဝင်ပတ်သက်နေရင်တော့ တစ်ခု ခုမှားနေပြီဆိုတာ သိနိုင်ပါတယ်။

    သူဌေးတစ်ယောက်ဟာ သူဌေးတစ် ယောက်ပဲဖြစ်ခွင့်ရှိပါတယ်။ ကုမ္ပဏီရဲ့အမှု ဆောင်ဒါရိုက်တာ (CEO)  ရာထူးကိုတော့ ယူထားလို့ရမယ် မထင်ဘူး။ ကုမ္ပဏီရဲ့စီမံ ခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုကို ပညာရှင်များကပဲ  တာဝန်ယူရပါတယ်။ ဒါမှအဲဒီကုမ္ပဏီရဲ့ လုပ်ငန်းများလည်ပတ်မှုနဲ့ အောင်မြင်နိုင် မှုကို ဖော်ဆောင်နိုင်လာလိမ့်မယ်။ "ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်" ဆိုသလို ဒီကုမ္ပဏီမှာ အစုရှယ်ယာအများစုကို ငါ ပိုင်ထားတယ်။ ငါကဥက္ကဌပဲ၊ ငါက CEO လုပ်ပြီး ဒီကုမ္ပဏီကို ဦးဆောင်မယ်ဆိုတဲ့ လူမျိုးတွေရှိနိုင်ပါတယ်။ ရှိတတ်ပါတယ်။ အဲဒါဆိုရင်တော့ ငါးပါးသာမက သံဃာ စင်ပါ မှောက်လိမ့်မယ်။ အကျိုးနည်းလိမ့်မယ်။

    အများပိုင်ကုမ္ပဏီကြီးတစ်ခု ထူထောင်တယ်ဆိုတာ ကိုယ်နဲ့ဆက်သွယ် လုပ်ကိုင်ရမယ့်လူအားလုံးက နိုင်ငံခြား သား  တွေဖြစ်နေတတ်တယ်။ ဒီတော့ နိုင်ငံခြား အတွေ့အကြုံရှိတဲ့ (ရှော့ပင်းထွက်တာ လောက်ကို ပြောတာမဟုတ်ပါ) သူဖြစ်နေ ရမယ်။ စီးပွားရေးပညာကို နိုင်ငံတကာ အ ဆင့်မီတတ်ပွန်နားလည်တဲ့လူဖြစ်ရမယ်။ လူမှုဆက်ဆံရေးကောင်းရမယ်။ သံတမန် တစ်ဦးလောက်နီးနီးတော်ရမယ်။ Business သာမက HR ကိစ္စတွေကို ထဲထဲဝင်ဝင်ရှိရ မယ်။ လုပ်ငန်းကို  စီမံခန့်ခွဲမှု အုပ်ချုပ်မှု တွေအပြင် အလုပ်ကို တာဝန်ယူလုပ်ကိုင် ရဲတဲ့ခေါင်းဆောင်စိတ် ရှိရပါလိမ့်မယ်။

    ငွေရှင်ဟာ ငွေရှင်ပဲဖြစ်ပြီး ပညာရှင် မဟုတ်တာကို နားလည်သင့်တယ်။ ငွေ ရှိရင်ဘာမဆိုရှိတယ်။ ဘာမဆိုလုပ်လို့ရ တယ်ဆိုတဲ့ အတွေးမျိုးဟာ ကိုယ့်သေတွင်း ကိုယ်တူးတာဖြစ်တယ်ဆိုတာကို နားလည် သင့်တယ်။ ငွေရှင်ရော ပညာရှင်ရော ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး တာဝန်ကျေကြရင်ကောင်းပါ တယ်။ နေရာတကာမှာ ကိုဖိုးသိလုပ်ပြီး ပါ လေရာကြီးဖြစ်နေရင် အဲဒီအလုပ်ဟာ အောင်မြင်ဖို့ ခက်လိမ့်မယ်။ အလုပ်ဆိုတာ  စလဲသီးများဖြစ်တည်နေသလို သူ့အကန့် နဲ့ သူမှကောင်းတယ်မဟုတ်လား။

    ငွေရှင်ဟာ ငွေရှင်ပဲဖြစ်ပြီး ပညာရှင် မဖြစ်နိုင်ပါဘူး။ ပညာရှင်ဆိုတာကလည်း ငွေရှိချင်မှရှိပေလိမ့်မယ်။ တချို့ထူးခြားဖြစ် စဉ်တွေမှာတော့ တချို့ငွေရှင်တွေဟာ ပညာတတ်တွေ၊ ပညာကျော်တွေ၊ ပညာ ရှင်တွေဖြစ်နေတတ်တယ်။ ဒါကတော့ တစ်မျိုးပေါ့လေ။ ရှားပါးပစ္စည်းတွေလို သ ဘောထားနိုင်ပါတယ်။ ရှိတော့ရှိတယ် ရှား တယ်ဆိုတဲ့သဘောပါပဲ။

    လုပ်ငန်းတွေ အောင်မြင်ချင်သလား။ လုပ်ငန်းတွေအောင်မြင်ချင်တယ်ဆိုရင် ကိုယ့်တာဝန်ကို ကိုယ်သိပြီး ကိုယ့်ဂုဏ်ကို ကိုယ်စောင့်တာ အကောင်းဆုံးဖြစ်ပါလိမ့် မယ်။ ငွေရှင်က ငွေရှင်နေရာမှာနေပြီး ငွေ ရှင်ရဲ့ အလုပ်ကိုလုပ်ပါ။ ပညာရှင်ကလည်း ပညာရှင်ရဲ့အလုပ်ကို လုပ်ပါလိမ့်မယ်။ ဒါမှ သာ ရည်မှန်းချက်တွေ အောင်မြင်နိုင်မယ် မဟုတ်လား။

ံHR journal