ခရမ်းချဉ်သီး ဖျော်ရည်သုံး ဆောင်ခြင်းသည် ကျန်းမာရေး ကောင်း မွန် စေနိုင်ကြောင်း လေ့ လာ တွေ့ရှိ

ပို့စ်တင်ချိန် - 12/20/2013 09:45:00 PM


လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။  အဘယ်ကြောင့် ဆိုသော် ယင်းခရမ်းချဉ်သီး ဖျော်ရည်သည် လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ရှိ ဂလူးကို့စ် ပမာဏကို ပုံမှန် အနေအထားသို့ အမြန်ဆုံး ပြန်လည် ဖြည့်တင်းနိုင်ပြီး ကြွက်သား များ စွမ်းအား ပြန်လည် သန်စွမ်း လာနိုင်မှုကြောင့် အခြားသော စွမ်းအားဖြည့် အချိုရည်များထက် ခရမ်းချဉ်သီး ဖျော်ရည်ကို ပိုမိုသောက် သုံးသင့်သည်။  အားကစား သမားများသည် ယင်းတို့ လေ့ကျင့်ခန်း မပြုလုပ်မီ၊ ပြုလုပ်စဉ်နှင့် လေ့ကျင့်ခန်း ပြုလုပ်ပြီး အချိန်များကို စမ်းသပ်မှတ်တမ်း တင်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခရမ်းချဉ် သီး ဖျော်ရည်သောက် သုံးခဲ့သည့် အားကစား သမားများသည် ကြွက်သားများ အမြန်ဆုံး ပြန်လည် သန်စွမ်း ကောင်းမွန်လာ သည်ကို တွေ့ရှိ ခဲ့ရသည်။  ခရမ်းချဉ်သီးတွင် ပါဝင်သည့် ခန္ဓာ ကိုယ်ဓာတ်တိုး ပစ္စည်းများ ချေဖျက်နိုင် သည့်ပစ္စည်း (Anti-oxidants)များ သည် ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားသော ဖျားနာမှု များအား တိုက်ဖျက်နိုင် သည်ကိုလည်း သိရှိခဲ့သည်။  ထို့အပြင် မြေထဲပင်လယ် တစ်ဝိုက် ၌ နေထိုင် သူများ၏ အစားအစာတွင် ခရမ်းချဉ်သီးကို ကျန်းမာရေး အတွက် သင့်လျော်သော အစားအစာ အဖြစ် ရွေးချယ်စား သုံးကြသည်ကို တွေ့ရသည်။  ဂရိသိပ္ပံ ပညာရှင်များ၏ နောက်ဆုံး သုတေသန ပြုလုပ်မှုအရ ခရမ်းချဉ်သီးသည် လေ့ကျင့်ခန်း ပြုလုပ် ပြီးနောက် ကြွက်သားများ ပျက်စီးခဲ့ပါက ဖြစ်ပေါ်လာသည့် အင်ဇိုင်းနှင့် ပရိုတင်းဓာတ်တို့ အချိုး မညီမျှမှုကို ပြန်လည် အချိုးညီမျှ သွားစေရန် အထောက်အပံ့ ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ၄င်းတွေ့ရှိချက်ကို အစား အစာနှင့် ဓာတု အဆိပ်များအား လေ့လာသည့် Elsevier သိပ္ပံ ဂျာနယ်၌ ထုတ်ပြန် ခဲ့သည်။  မြ၀တီ
လူတစ်ဦးသည် ကာယ လေ့ကျင့်ခန်း များအား သွန်ခွန်စိုက် ပြုလုပ် ပြီးလျှင် စွမ်းအားပြည့် အချိုရည် များထက် ခရမ်းချဉ်သီး ဖျော်ရည်အား သောက်သုံး သင့်ကြောင်း သုတေသန ပညာရှင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဘယ်ကြောင့် ဆိုသော် ယင်းခရမ်းချဉ်သီး ဖျော်ရည်သည် လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ရှိ ဂလူးကို့စ် ပမာဏကို ပုံမှန် အနေအထားသို့ အမြန်ဆုံး ပြန်လည် ဖြည့်တင်းနိုင်ပြီး ကြွက်သား များ စွမ်းအား ပြန်လည် သန်စွမ်း လာနိုင်မှုကြောင့် အခြားသော စွမ်းအားဖြည့် အချိုရည်များထက် ခရမ်းချဉ်သီး ဖျော်ရည်ကို ပိုမိုသောက် သုံးသင့်သည်။

အားကစား သမားများသည် ယင်းတို့ လေ့ကျင့်ခန်း မပြုလုပ်မီ၊ ပြုလုပ်စဉ်နှင့် လေ့ကျင့်ခန်း ပြုလုပ်ပြီး အချိန်များကို စမ်းသပ်မှတ်တမ်း တင်ထားပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ခရမ်းချဉ် သီး ဖျော်ရည်သောက် သုံးခဲ့သည့် အားကစား သမားများသည် ကြွက်သားများ အမြန်ဆုံး ပြန်လည် သန်စွမ်း ကောင်းမွန်လာ သည်ကို တွေ့ရှိ ခဲ့ရသည်။

ခရမ်းချဉ်သီးတွင် ပါဝင်သည့် ခန္ဓာ ကိုယ်ဓာတ်တိုး ပစ္စည်းများ ချေဖျက်နိုင် သည့်ပစ္စည်း (Anti-oxidants)များ သည် ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားသော ဖျားနာမှု များအား တိုက်ဖျက်နိုင် သည်ကိုလည်း သိရှိခဲ့သည်။

ထို့အပြင် မြေထဲပင်လယ် တစ်ဝိုက် ၌ နေထိုင် သူများ၏ အစားအစာတွင် ခရမ်းချဉ်သီးကို ကျန်းမာရေး အတွက် သင့်လျော်သော အစားအစာ အဖြစ် ရွေးချယ်စား သုံးကြသည်ကို တွေ့ရသည်။

ဂရိသိပ္ပံ ပညာရှင်များ၏ နောက်ဆုံး သုတေသန ပြုလုပ်မှုအရ ခရမ်းချဉ်သီးသည် လေ့ကျင့်ခန်း ပြုလုပ် ပြီးနောက် ကြွက်သားများ ပျက်စီးခဲ့ပါက ဖြစ်ပေါ်လာသည့် အင်ဇိုင်းနှင့် ပရိုတင်းဓာတ်တို့ အချိုး မညီမျှမှုကို ပြန်လည် အချိုးညီမျှ သွားစေရန် အထောက်အပံ့ ပေးနိုင်ကြောင်း တွေ့ရှိရသည်။ ၄င်းတွေ့ရှိချက်ကို အစား အစာနှင့် ဓာတု အဆိပ်များအား လေ့လာသည့် Elsevier သိပ္ပံ ဂျာနယ်၌ ထုတ်ပြန် ခဲ့သည်။

Myawady News