အချစ်ဟော်မုန်းနှင့် အော်တစ်ဇင် ကလေးငယ်

ပို့စ်တင်ချိန် - 12/20/2013 10:00:00 PM


အောက်စီတိုစင် ဆိုတဲ့ ဟော်မုန်း အချစ်ဟော်မုန်း သို့မဟုတ် သံယော ဇဉ်ဟော်မုန်းလို့ ခေါ်လေ့ရှိတဲ့ ထို ဟော်မုန်းဟာ အော်တစ်ဇင်ကလေး ငယ်များတွင် ဦးနှောက် လှုပ်ရှားမှုကို တိုးမြင့်စေကြောင်း အမေရိကန် သုတေ သီများက ပြောကြား လိုက်ပါတယ်။ ရေးလ်ဆေးကျောင်းမှ သုတေသီ များနှင့်အဖွဲ့ဟာ အော်တစ်ဇင်ရောဂါ ခံစားနေရသော ကလေးငယ် များနှင့် အရွယ်ရောက်ပြီးသူ ၁၇ ယောက်အား စမ်းသပ်လေ့လာ ခဲ့ကြ ပါတယ်။
လေ့လာခံများ ထဲမှ အချို့ကို အမျိုးသား နှင့် အမျိုးသမီးများ လိင်ဆန္ဒပြီးမြောက် သည့်အခါ ထွက်ရှိသော ဟော်မုန်း အောက်စီတိုစင်ကို ထိုးပေးခဲ့ပြီး အချို့ ကိုတော့ အာနိသင် မရှိသော အောက် စီတိုစင်အယောင်ဆောင် ဆေးဝါးများ ထိုးပေး ခဲ့ကြပါတယ်။
အောက်စီတိုစင် ထိုးခံရသော အော်တစ်ဇင်ကလေးငယ် များရဲ့ စိတ်ခံစားမှု သိမှတ်မှု ဆိုင်ရာ ဦးနှောက် ဧရိယာများဟာ လူမှုရေး ဆောင်ရွက်ချက်များ အတွင်း ပိုမိုတုံ့ပြန် ကြောင်း၊ အော်တစ်ဇင် ကလေးငယ် များတွင် လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာများ အတွက် တာဝန်ရှိသော ဦးနှောက် ဧရိယာကို အောက်စီတိုစင် ဟော်မုန်းက ခဏတာ ပုံမှန်ဖြစ် အောင် ပြုလုပ်ပေးကြောင်း တွေ့ရှိခဲ့ ကြပါတယ်။ ထိုတွေ့ရှိချက် များကို အမျိုးသား သိပ္ပံပညာ အကယ်ဒမီတွင် ဖော်ပြထား ပါတယ်။

Health Digest