ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဘာကြောင့် ကြိုက်ရတာလဲ

ပို့စ်တင်ချိန် - 12/20/2013 06:46:00 PM


တစ်ခါတစ်လေ ချစ်သူရည်းစားရှိပြီးသား အမျိုးသားတွေကို အမျိုးသမီးတွေ တန်းတန်းစွဲကြိုက်နေတဲ့ အဖြစ်မျိုးတွေ သင်မြင်တွေ့ဖူးမှာပါ။ ရည်းစားလုံးဝမထားဖူးတဲ့သူဆိုရင် အမျိုးသမီးတွေက လှည့်ကို မကြည့်ချင်ကြဘူး။ ရည်းစားထားဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရည်းစားနဲ့ပြတ်ထားတယ်။ ဒါပေမယ့် သူများတွေလို မဟုတ်ဘဲ ကိုယ်က ယုံကြည်မှုအပြည့်ရှိတဲ့ပုံ၊ ကိုယ့်အထာနဲ့ကိုယ်နေတတ်တဲ့သူ ဆိုရင်တော့ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပြီပဲ။ အဲ့ဒီလို ယောင်္ကျားမျိုးဆိုရင် ရည်းစားရှိရှိ၊ အိမ်ထောင်ရှိရှိ အမျိုးသမီးတွေ သဘောကျကြတာ ဘာကြောင့်များလဲဆိုပြီး အဖြေရှာကြည့်လိုက်တဲ့အခါမှာတော့


၁။သင်ဟာ အမျိုးသမီးတွေရဲ့ လက်လှမ်းမမီနိုင်တဲ့ ယောင်္ကျားမျိုးဖြစ်နေတဲ့အခါ


လူတွေရဲ့စိတ်မှာ မရတာကို ပိုလိုချင်တဲ့စိတ်လေးတွေ ရှိနေတတ်ပါတယ်။ ခုလည်း ဒီသဘောပါပဲ။ ကိုယ်က သူတို့နဲ့ အလှမ်းဝေးကွာတဲ့ ယောင်္ကျားမျိုးလို့ သူတို့ထင်ရင် သူတို့ကိုယ့်ကို စိတ်ဝင်စားနေပါလိမ့်မယ်။ ကိုယ်က ခပ်ဝေးဝေး ခပ်ကင်းကင်းနေနိုင်လေ၊ နေပြလေ သူတို့စိတ်ကို ကိုယ်ကပိုလွှမ်းမိုးနိုင်လေလေပါပဲ။


၂။သင်ဟာ သူမကို စိတ်လုံခြုံမှုပေးစွမ်းနိုင်တဲ့ ယောင်္ကျားမျိုးဖြစ်နေတဲ့အခါ


ကိုယ်နဲ့ အတူရှိနေတဲ့အချိန်တွေ သူမပျော်နေမယ်။ ရှက်ကိုးရှက်ကန်း ဖြစ်နေတာမျိုးထက်စာရင် ကိုယ့်ကို သူ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်းပြောလာမယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတောင် ဖွင့်ဟတိုင်ပင်တဲ့အထိ သင်ဟာ စမတ်ကျတဲ့ ယောင်္ကျားဖြစ်နေမယ်ဆိုရင် ဒါဟာ အမျိုးသမီးတွေအတွက် ဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပါပဲ။


၃။သင်ဟာ ပေါ်ပြူလာဖြစ်တဲ့ ယောင်္ကျားမျိုးဖြစ်နေတဲ့အခါ


ယောင်္ကျားတွေအတွက် ကိုယ်ကိုယ်တိုင်ပေါ်ပြူလာဖြစ်မနေရင်တောင်မှ ကိုယ်နဲ့တွဲတဲ့ အမျိုးသမီးက နာမည်ကြီးတဲ့ အနုပညာရှင် ဒါမှမဟုတ် လူကြားထဲပေါ်ပြူလာသိပ်ဖြစ်လွန်းတဲ့ အမျိုးသမီးဆိုရင်တော့ သင်လည်း သူ့ကိုမှီပြီး ပေါ်ပြူလာဖြစ်လာမှာပဲ။ အဲ့ဒီနောက်ဆက်တွဲ အကျိုးအမြတ်ကတော့ သင့်ကို အမျိုးသမီးတွေ အားလုံးက ၀ိုင်းပြီး အာရုံစိုက်လာကြပြီပေါ့။ ဒါကတော့ အကျိုးအမြတ်တွက်ပြီး စနစ်တကျ စီစဉ်တဲ့အကွက်ကြီးပါ။


၎။ သင်ဟာ လွယ်ကူလွန်းတဲ့ ယောင်္ကျားမျိုးထက် အထာရှိတဲ့ယောင်္ကျားမျိုးဖြစ်နေတဲ့အခါ


အမျိုးသမီးတွေဟာ ကိုယ့်ကို ချစ်လှပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့ဖြစ်နေတဲ့ ယောင်္ကျားမျိုးတွေထက် အကြောမာမာနဲ့ အထာကျတဲ့ ယောင်္ကျားမျိုးတွေကို ပိုစိတ်ဝင်စားကြပါတယ်။ ကိုယ်က ခုလက်ရှိ ကိုယ့်ရည်းစားနဲ့ကိုယ်ဖြစ်နေတယ် ဆိုရင်တောင် ဘေးကနေ ကိုယ်တို့နှစ်ဦးရဲ့အရိပ်အခြေကို ကြည့်ပြီး ဒီအချစ်ဂိမ်းထဲ ၀င်ကစားချင်တဲ့ အမျိုးသမီးတွေ ရှိနေနိုင်ပါသေးတယ်။


၅။သင်ဟာ သင့်ရဲ့ချစ်သူအတွက် ပြည့်စုံတဲ့ယောင်္ကျားတစ်ယောက်ဖြစ်နေတဲ့အခါ


မိန်းကလေးတွေဟာ ယှဉ်ပြိုင်ချင်စိတ် မြင့်မားကြပါတယ်။ ကိုယ်နဲ့ကိုယ့်ချစ်သူ အဆင်ပြေနေတာ သူတို့ သိနေ၊ မြင်နေရပေမယ့် ကိုယ်ဟာ သိပ်မိုက်တဲ့ ယောင်္ကျားတစ်ယောက်လို့ သူတို့ ခံစားရတယ်ဆိုရင် အဲ့ဒီ ယောင်္ကျားတစ်ယောက်ကို ဘေးကနေ လှုပ်ခတ်လာအောင် ကစားချင်လာကြပါတယ်။ စမ်းသပ်ကြည့်ချင်တဲ့ သဘောလည်း ပါမှာပေါ့လေ။ အဓိကအချက်ကတော့ ကိုယ်လက်ရှိတွဲနေတဲ့ ရည်းစားထက် သူတို့ ဘယ်လောက်သာတယ်ဆိုတာကို ပြချင်တဲ့ သဘောပါပဲ။


၆။သင့်ချစ်သူက သင့်ကောင်းကြောင်းတွေ အားလုံးရှေ့ တတွတ်တွတ်ပြောတဲ့အခါ


မိန်းကလေးအချင်းချင်း ငါ့ရည်းစားက  ဘယ်လိုတော်တာ၊ ဘယ်လိုမိုက်တာ ဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းမိန်းကလေးတွေကြားမှာ ကိုယ့်ကောင်းကြောင်းတွေ ချည်း ပြောပြောနေတတ်ပြီဆိုရင်တော့ အဲ့ဒီအသိုင်းအ၀ိုင်းမှာ ကိုယ်က စူပါစတားပါပဲ။ ကိုယ့်ကိုမြင်တာနဲ့ အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်သလို ကိုယ့်လိုချစ်သူမျိုးသာ သူတို့ရခဲ့ရင်ဆိုတဲ့ အတွေးမျိုးတွေ အမျိုးသမီးတွေ ခေါင်းထဲမှာ နေရာယူသွားပါပြီ။
mensxp.com
မေသော်
Trend Myanmar