ဘားအံမြို့တွင်အမိုးနီးယားဂက်စ်ငွေ့များ လျှပ်တစ်ပြက် ပြန်နှံ့လာခြင်းကြောင့်ထွက်ပြေးခဲ့ရ

ပို့စ်တင်ချိန် - 12/20/2013 03:21:00 PM


ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မာန်အောင် ဈေးအတွင်း ဒီဇင်ဘာ(၁၇)ရက် နေ့ နံနက်(၈)နာရီခန့်အချိန် ဈေး သူဈေးသားများ ရောင်းဝယ်စည် ကားနေခိုက် အမိုးနီးယားဂက်စ် ငွေ့များလျှပ်တစ်ပြက် ပြန့်လွင့် လာပြီး ဈေးသူဈေးသားများ မျက် လုံးမခံနိုင်အောင်စပ်ခြင်း၊ အနံ့ များမခံနိုင်ဘဲခေါင်းမူးခြင်းများ ကြောင့် ဈေးအပြင်ဘက် ဗိုလ်ချုပ် လမ်းမဘက်သို့ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။

““ကျွန်မတို့တစ်ဈေးလုံးပဲ ထူး ထူးဆန်းဆန်း အနံ့ကြီးကြောင့် မျက်စိတွေစပ်၊ အနံ့ကလဲမခံနိုင်၊ ဘာဖြစ်မှန်းလဲမသိတော့အရေး တကြီး နှာခေါင်းစည်းတွေ ပြေး ၀ယ်ကြ၊ အင်္ကျီစတွေနဲ့နှာခေါင်း ပိတ်ကြပြီးဈေးအပြင် ဗိုလ်ချုပ် လမ်းကြီးဘက်ထွက်ပြေးကြတာ ပဲ၊ ပြီးတော့မှ ရေခဲစက်ကဖြစ်တာ လို့ ပြောကြတာပဲ””ဟုကုန်စုံဆိုင် ရှင်တစ်ဦးက ပြောသည်။

ယခု အမိုးနီးယားဂက်စ်ငွေ့ မတော်တဆဖြစ်ပွားခဲ့သောဈေး မှာ အောင်နန်းမာန်အောင်ဈေး ဖြစ်ပြီး၊ယင်းဈေး၏ မြောက်ဘက် ကပ်လျက်အိမ်အမှတ်(၅/၉၆၃) ရှိ ရေခဲစက်မှ မတော်တဆဖြစ်ပွား ခဲ့ရာမှ အမိုးနီးယားဂက်စ်ငွေ့များ ပြန့်လွင့်ခဲ့ကြောင်း သိရသည်။

ယင်းရေခဲစက်ပိုင်ရှင် ဦးလှစိုးက အမိုးနီးယားဂက်စ်  မတော်တဆဖြစ်မှုနှင့်ပတ်သက်ပြီး ““ကျွန်တော်အခုဖြစ်တဲ့စက်က အသစ်ဝယ်ပြီးကာစ တစ်လပဲရှိ သေးတယ်။ အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး၊ အခုဖြစ်သွားရ တာက ပိုက်လိုင်းချေးထုတ်တာ ချေးပိတ်နေတော့လုပ်သားလေးက အပေါက်ဘားဖွင့်ပြီး နန်းကြိုးလေး နဲ့ထိုးဖွင့်တာ အဲဒီမှာ အမိုးနီးယား ဂက်စ်နဲ့ ပိတ်ဆို့နေတဲ့ချေးတွေ ရောထွက်သွားတာပါ။ ကျွန်တော် တို့လည်း ချက်ချင်းပိတ်ဆို့နိုင်ခဲ့ပေ မယ့် ထွက်သွားတဲ့ အမိုးနီးယား ဂက်စ်က လေထဲပြန့်နှံ့သွားတာပါ။ ဖြစ်တာက မနက်(၇)နာရီလောက် မှာဖြစ်ပြီး ဈေးထဲမှာက(၈)နာရီ လောက်အချိန် အနံ့တွေရောက် ကြောင်းသိရတော့ ကျွန်တော့် အနေနဲ့ စိတ်မကောင်းဖြစ်မိပါ တယ်။ စက်ထဲမှာ အလုပ်ရှုပ်နေ တာနဲ့ ဈေးသူဈေးသားတွေကို ကျွန်တော်မတောင်းပန်မိခဲ့ဘူး။ ကျွန်တော်ရဲ့အားနည်းချို့ယွင်း  ချက်အတွက် စိတ်မကောင်းဖြစ် ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ဘူး ဗျာ။ နောက်နောင်ဒီလိုမဖြစ်  အောင်အထူးဂရုစိုက်ရတော့မှာ ပေါ့””ဟု ၎င်းကပြောကြားသွား သည်။

ပွင့်ဆန်း(ပုပ္ပား)
Hot News Journal