စိတ်ဖိစီးမှုကို အမြန်လျှော့ ချနိုင်သော နည်းလမ်းများ

ပို့စ်တင်ချိန် - 12/20/2013 10:30:00 PM


စိတ်ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်းလိုလို ကြုံတွေ့နေ ရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင်တာ အ ကောင်းဆုံး ဆိုပေမယ့်လည်း ဖြစ်လာပါ က အမြန်ဆုံးပြေပျောက် သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ရေးသား လိုက်ပါတယ်။
(၁) ဇက်ကြောလျှော့ပေးပါ
စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အ ခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ်လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို ထိ ထားပြီး ဦးခေါင်းကို ညာဘက်ပခုံးဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိ စီးမှုကြောင့် ဇက်ကြောတောင့်တင်းတာ သက်သာသွားစေပါတယ်။
(၂) တေးဂီတ နားဆင်ပါ
ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့ လာမှုအရ နေ့စဉ် စိတ်ညစ်ညူးစရာတွေ တွေ့ကြုံရတာကြောင့် သွေးပေါင်အနည်း ငယ်တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ ရပါတယ်။ လေ့လာသူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့ အခါ တေးဂီတ နားဆင်တာက သွေး ပေါင် ပိုမိုကျဆင်းစေတာကို တွေ့ရပါ တယ်။ သင်က စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နား ဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။
(၃) အသက်ရှုသွင်း ရှုထုတ်ဖို့ သတိရပါ
 သက်သောင့်သက်သာ ထိုင်ပြီး သင့် မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက် ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာ က စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အ ကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု ပါ။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာ ကိုယ်အနှံ့ကို ဝင်ရောက်သွားပြီး ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာ တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။
(၄) ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၄ဝ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက် တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ် လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေ လျော့စေပါတယ်။ ရုံးကနေ အိမ်ပြန် ရောက်တဲ့အခါ အိမ်အနီးအနားပတ်ဝန်း ကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေ လည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအား လုံးက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေပါတယ်။
(၅) နေ့ခင်း တစ်ရေးအိပ်ပါ
ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင်ရဲ့ စိတ်ဖိစီးမှုတွေကို မောင်းထုတ်နိုင်ပါတယ်။ လေ့လာမှုတွေ အရ နေ့ခင်းဘက်မှာ နာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ၃ဝ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ ဆိုပါတယ်။
(၆) ရေခဲကပ်ပါ
ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော် မုန်းထုတ် လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်ေ စပါတယ်။ သင့် အလုပ်မှာစိတ် ဖိစီးမှုများတဲ့ အခါ ရေခဲကို တဘက်လေး နဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင် ထားပေးပါ။ စိတ်တည်ငြိမ်မှုရစေပြီး ဖိစီး မှုတွေ ပြေပျောက်သွား စေပါတယ်။

Good Health