မြောက်နဲ့ တောင်ကိုးရီးယား တွေ့ဆုံ စကားပြောခဲ့ကြ

ပို့စ်တင်ချိန် - 12/20/2013 11:26:00 AM


မြောက်ကိုးရီးယားနိုင်ငံက ​လူတွေကို ​အံ့သြတုန်လှုပ်စေခဲ့တဲ့ ​ကွပ်မျက်သတ်ဖြတ်မှုနောက်ပိုင်း ​မြောက်ကိုးရီးယားနဲ့ ​တောင်ကိုးရီးယားနိုင်ငံတို့ ​ပထမအကြိမ် ​တွေ့ဆုံစကားပြော ​ခဲ့ကြပါတယ်။

ကမ္ဘာ့စက်မှုထိပ်သီးအသင်းဝင်နိုင်ငံက ​အစိုးရကိုယ်စားလှယ်တွေက ​တောင်ကိုးရီးယားနဲ့ ​မြောက်ကိုးရီးယားနှစ်နိုင်ငံ ​ပူးတွဲစက်မှုဇုံကို ​သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း ​တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တပတ်က ​မြောက်ကိုးရီးယားခေါင်းဆောင် ​Kum ​Jong-Un ​က ​ဦးလေးတော်စပ်သူနဲ့ ​နိုင်ငံတွင်းမှာ ​ဒုတိယ ​အာဏာအရှိဆုံး ​ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ​ဂျန်ဆွန်ထေ့ ​(Jang ​Song-Thaek) ​ကို  ​ကွပ်မျက်ခဲ့တဲ့ ​အတွက် ​နိုင်ငံတကာအသိုင်းအ၀ိုင်း ​စိုးရိမ်မှုဖြစ်နေပါတယ်။

အဲဒီလို ​ကွပ်မျက်မှုလုပ်ခဲ့တဲ့ ​မြောက်ကိုးရီးယားနိုင်ငံမှာ ​နျူးကလီးယား ​လက်နက် ​အန္တရာယ်နဲ့ ​မတည်ငြိမ်မှုတွေဖြစ်လာမှာကို ​စိုးရိမ်နေကြတာဖြစ်ပါတယ်။

တောင်ကိုးရီးယားနဲ့ ​မြောက်ကိုးရီးယားနှစ်နိုင်ငံ ​ပူးတွဲဖွင့်ထားတဲ့ ​စက်မှုဇုံလုပ်ငန်း ​ပြန်လည်ဖွင့်လှစ် ​လည်ပတ်ဖို့အတွက် ​ပြီးခဲ့တဲ့ ​စက်တင်ဘာလမှာ ​နောက်ဆုံး ​အကြိမ် ​တွေ့ဆုံခဲ့ကြပါတယ်။

အခုတွေ့ဆုံမှုအတွင်းမှာ ​ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံအသင်းက ​ကိုယ်စားလှယ် ​၂၅ ​ယောက်ပါဝင်တဲ့အတွက် ​မြောက်ကိုးရီးယားအနေနဲ့ ​နောက်နောင် ​စက်မှုဇုံပိတ်ချမှုတွေ ​မလုပ်ဖို့ ​အကာအကွယ်ဖြစ်လာစေမယ်လို့ ​တောင်ကိုးရီးယားဖက်က ​မျှော်လင့်ပါတယ်။

နှစ်နိုင်ငံ ​စက်မှုဇုံအတွင်း ​တောင်ကိုးရီးယားနိုင်ငံပိုင် ​အလုပ်ရုံ ​၁၂၀ရှိပြီး ​အဲဒီထဲမှာ ​အလုပ်လုပ်တဲ့ ​မြောက်ကိုးရီးယားနိုင်ငံက ​အလုပ်သမား ​ငါးသောင်းသုံးထောင်လောက်ရှိပါတယ်။
ABC Radio Australia