မိုးထိမိုးမိ ရွှေလုပ်သား ၅ ဦးကို ဆွေးနွေးရန် တာဝန်ရှိသူများ ခေါ်ယူ

ပို့စ်တင်ချိန် - 12/20/2013 01:15:00 AM


အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးပေးဖို့ ရွှေလုပ်သား ကိုယ်စားလှယ် ၅ ဦးကို ရမည်းသင်းခရိုင် အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ရမည်းသင်းမြို့ကို ဒီမနက် ခေါ်သွားပါတယ်။

မန္တလေးတိုင်း ရမည်းသင်းခရိုင်က ရွှေမြင်တင်တောင်ခြေမှာ ဆန္ဒပြတဲ့ မိုးထိမိုးမိ ရွှေလုပ် သား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရဲအင်အားတွေ ဖြည့်တင်းပြီး ၀ိုင်းထားရာကနေ ရွှေလုပ်သား ၅ ဦးကို ဒီနေ့ ဆွေးနွေးညှိနှိုင်းပေးမယ်ဆိုပြီး လာခေါ်သွားတာပါ။ ကျန်ဆန္ဒပြသမားတွေကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
DVB Burmese