ဝမ်းလျှောခြင်း အတွက် အရေးပေါ် အိမ်လုပ် ဓာတ်ဆားရည်

ပို့စ်တင်ချိန် - 12/20/2013 07:30:00 AM


ဝမ်းသွားတာ အတော် အသင့်များရင် သင့်ခန္ဓာကိုယ် ထဲက ရေဓာတ်နှင့် လျှပ်လိုက် ဓာတ်ဆားများ(Electrolytes) ဆုံးရှုံးသွားတာကြောင့် ယင်းတို့ ကို ပြန်လည်ဖြည့်တင်းပေး ဖို့လိုပါတယ်။ ဆုံးရှုံးသွားတဲ့ လျှပ်လိုက်ဓာတ်ဆားများထဲမှာ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် ကလိုရိုဒ်တို့ ပါဝင်တယ်။ ယင်း ဓာတ်ဆားတွေက နှလုံးခုန်မှန် စေပြီး အခြားအရေး ပါတဲ့ အခန်းကဏ္ဍ အများအပြားမှာလည်း ပါဝင်ပါတယ်။
ဆုံးရှုံးသွားတဲ့ လျှပ်လိုက်ဓာတ် ဆားများအတွက် ဓာတ်ဆားရည် (Electrolytes) ကို သောက်ရ ပါမယ်။ အိမ်တွင်းအရေးပေါ် ဓာတ်ဆားရည်ကို ဒီလိုမျိုး လုပ်နိုင်ပါ တယ်။ ရေတစ်ကွာတာ (တစ်ဂါလန်ရဲ့ လေးပုံတစ်ပုံ) ထဲ ဆား လက်ဖက် ရည်ဇွန်းဝက်နှင့် သကြား ၄ ဇွန်း ထည့်ဖျော်ပါ။ ယင်းဖျော်ရည်ထဲ လိမ္မော်ရည်၊ ရှောက်ရည် အနည်းငယ် ရောထည့်ပေးပါ။
နေ့ဘက်မှာ ယင်း ဖျော်ရည် တစ်ကွာတာကို ကုန်အောင် သောက်ပါ။ သတိထားရမှာက အထက်က ဖော်ပြထားတဲ့ သကြား သို့မဟုတ် ဆား ပမာဏထက် ပိုမသုံး ဖို့ဘဲဖြစ်တယ်။ သိပ်များ သွားရင် ခန္ဓာ ကိုယ် ရေဓာတ်ခန်း ခြောက်ဖို့ အလား အလာရှိပါတယ်။

Health Digest