အရှိန်မထိန်းနိုင်သောယာဉ် တံတားအားဝင်ရောက်တိုက်မိ

ပို့စ်တင်ချိန် - 12/20/2013 11:15:00 PM


၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊ ပန်းတင်
အမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၁၂/၄ နှင့် ၂၁၂/၅ ကြားတွင် မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီရိပ်သာနေ ထွန်းမင်း(၄၈)နှစ် မောင်းနှင်သော ၆င/×××× မန်းရွှေပြည် အပြာရောင်ခရီးသည်တင် မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပေါင်းလောင်းတံတား ယာဘက်ထိပ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းမင်းအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၆/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar