ရွေးကောက်ပွဲ အောင်နိုင်ရေး ရပ်/ကျေး တိုင်းတွင်လူငယ်အမာခံ ၃၀ ရရန် ပြည်ခိုင်ဖြိုး စည်းရုံးမည်

ပို့စ်တင်ချိန် - 1/13/2014 05:51:00 PM


ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ။ ။ရွေး ကောက်ပွဲအောင်နိုင်ရေး တစ် စိတ်တစ်ပိုင်း လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးပါတီ(USDP) က ရန်ကုန်တိုင်းဒေသကြီးအ တွင်း ရပ်ကွက်နှင့်ကျေးရွာတိုင်း တွင် လူငယ် စည်းရုံး ရေး သမား များမှတစ်ဆင့် အမာခံပါတီဝင် လူငယ် ၃ဝဦးစီအထိ ရရှိရေး စည်းရုံးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ၁၂ရက် မွန်းလွဲ ၁နာရီတွင် ဗဟန်းမြို့နယ် ရှိ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ရန်ကုန်တိုင်း)ရုံးတွင် တိုင်း ဒေသကြီး အတွင်းက အမာခံ ပါတီလူငယ် ၇၅ဝခန့်ကို ပါတီ စည်းရုံးရေး တာဝန် ပေးအပ်ပွဲ နှင့် တွေ့ဆုံပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပါတီလူငယ်များ သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်(သို့)ကျေး ရွာတစ်ခုတွင် ပါတီဝင်၃ဝဦးရရှိ ရေး ဆက်လက်စည်းရုံးသွား မည်ဖြစ်ကြောင်း သိရပြီး ယခု လှုပ်ရှားမှုသည် ပါတီ၏ လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု တစ်ခုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပါတီ လူငယ်တာဝန်ခံ၏ပြောကြားမှု အရ သိရသည်။

USDP ရန်ကုန်တိုင်းလူငယ်တာဝန်ခံ ဦးလှထွန်းဦးက ““ပါတီလူငယ်တွေကိုရွေးကောက် ပွဲအောင်နိုင်ရေး အလံပေးအပ် ပွဲဖြစ်သလို ဒီပွဲက လူငယ်စည်း ရုံးရေးမှူးတွေကို တာဝန်ပေး အပ်ပွဲလဲဖြစ်ပါတယ်။ ဒီလူငယ် တွေက ပါတီ အမာခံ စည်းတွေ ပါ။ သူတို့ကို မြို့နယ်အလိုက် တစ်မြို့နယ်မှာ ၁၅ဦးခန့်မယ်။ အဲဒီကမှတစ်ဆင့် ရပ်ကွက်(သို့) ကျေးရွာတစ်ခုမှာ နောက်ထပ် အင်အား၃၀ ထပ်ရရှိအောင် စည်းရုံးသွားရမယ်ဆိုတဲ့သတ် မှတ်ချက် ချမှတ်ထားတယ်””ဟု ပါတီ လုပ်ငန်း စဉ်ကို ပြောသည်။

အဆိုပါပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူ ငယ်စည်းရုံးရေးအဖွဲ့များကို ပထမအဖွဲ့ငယ်တွင် လူငယ် ၁ဝဦး၊ ဒုတိယအဖွဲ့စိတ်တစ်ခု တွင် လူငယ်၁ဝဝနှင့် တတိယ အခြေခံအဖွဲ့တွင် လူငယ်အင် အား ၁ဝဝဝအထိ ပါဝင်သည့် အဆင့်ဆင့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိ ရပြီး ယင်းလူငယ်များက ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ ဒေသတွင်း လူမှုဖွံ့ဖြိုး ရေးလုပ်ငန်းများကို ပါဝင်လုပ် ဆောင်ခြင်း၊ စည်းရုံးခြင်းများ ပြုလုပ် မည်ဖြစ် ကြောင်းသိရ သည်။

လက်ရှိအာဏာရပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌဌ အဖြစ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တာဝန်ယူဆောင်ရွက်လျက်ရှိ ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃ဝတွင် ပါတီရုံးခန်းပေါင်း ၃၂၅ခန်း ကို ဖွင့်လှစ်ထားနိုင် ကြောင်း သိရသည်။ သို့သော် ပါတီတစ်ခုလုံး တွင်အင်အားမည်မျှတည်ရှိ နေကြောင်းကို ယနေ့လူငယ် တွေ့ဆုံပွဲကို တက်ရောက်လာ သည့် ယင်းပါတီ၏အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် သိမ်းကို မေးမြန်း သော်လည်း တိကျစွာဖြေကြားမှု မပြုလုပ် ခဲ့ပေ။

ကျော်ဇေယျ  ၊ ဇာခြည်လှိုင်

Yangon Media Group