ကြားဖြတ်ရွေးကောက်ပွဲမှာပြည်ခိုင်ဖြိုးက ဒီ/ချုပ် ကို အားစမ်းမယ်ဆို ဒီ/ချုပ်ကလည်း သူတို့ကိုအားစမ်းမှာပဲ

ပို့စ်တင်ချိန် - 3/30/2014 06:42:00 PM


၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လစ်လပ်မဲဆန္ဒနယ်အား လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီ၏ဗဟိုအလုပ် အမှုဆောင်တစ်ဦးဖြစ်သူ ဦးထွန်း ထွန်းဟိန်က Hotnews သို့ပြော ကြားသည်။

မတ်လ ၂၀ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဌဦးတင် အေးကလစ်လပ်နေသည့်နိုင်ငံတစ် ၀ှမ်းရှိ မဲဆန္ဒနယ် ၃၁ ခုတွင်ယခု နှစ်ကုန်ပိုင်း၌ကြားဖြတ်ရွေးကောက်ပွဲ များကျင်းပရန်စီစဉ်နေကြောင်းပြော ကြားခဲ့ပြီး နောက်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေး ကောက်ပွဲတွင်မဲဆန္ဒနယ်အားလုံး ၀င်ပြိုင်ရန်ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

““နိုင်ငံရေးပါတီထူထောင်တယ် ဆိုကတည်းကရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ထားတာပါ၊ နိုင်ငံရေးပါတီတိုင်းကလည်း လစ် လပ်တဲ့နေရာတိုင်းကိုမျက်ခြေမ ပြတ်စောင့်ကြည့်ကြမှာပဲ။ NLD ကစောင့်ကြည့်သလို USDP က လည်းစောင့်ကြည့်မှာပဲ။ မဲဆန္ဒ နယ်တစ်ခုရတယ်ဆိုရင်အဲဒီနေရာ ကပြည်သူလူထုကိုအလုပ်အကျွေး ပြုလို့ရတာပေါ့။ အကောင်းဆုံး ဥပမာကတော့ကော့မှူးမှာဒေါ် အောင်ဆန်းစုကြည်က ပြည်သူ လူထုကိုလုပ်ပေးနိုင်တာလုပ်ပေး ခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ မှာ USDP က NLD ကိုအားစမ်း မယ်ဆိုရင် NLD ကလည်းသူတို့ ကို အားစမ်းမှာပဲ။ အားစမ်းတယ် ဆိုတာအမြဲတမ်းရှိနေမယ့်ကိစ္စပဲ”” ဟုဦးထွန်းထွန်းဟိန်က Hot News သို့ပြောသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပမည့်လစ်လပ်နေရာ များသည် အမျိုးသားလွှတ်တော် တွင်နေရာခြောက်ခု၊ ပြည်သူ့လွှတ် တော်တွင်နေရာ ၁၃ ခုနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များတွင် နေရာ ၁၂ ခုစုစုပေါင်း လစ်လပ်နေရာ ၃၁ နေရာတွင် လစ်လပ်နေခြင်းဖြစ်ကြောင်းသိရ သည်။

အဆိုပါကြားဖြတ်ရွေးကောက် ပွဲသည် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်သူ များအတွက် သတိထားရမည့်အခြေ အနေဖြစ်ကြောင်း၊ ယင်းကြားဖြတ် ရွေးကောက်ပွဲသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအကြိုစမ်း သပ်ချက်လည်းဖြစ်နိုင်ကြောင်းပါတီ နိုင်ငံရေးလုပ်ဆောင်နေသူများနှင့် နိုင်ငံရေးစောင့်ကြည့်လေ့လာသူ များကဝေဖန်သုံးသပ်ကြသည်။

အာကာဗိုလ်
Hot News Journal