ဒါဘီပွဲ အရှုံးကနေ မန်ယူပြန်လာခဲ့ပေမယ့် နိုင်ပွဲရ အသင်းစာရင်းမှာ ချဲလ်ဆီးမပါ

ပို့စ်တင်ချိန် - 3/30/2014 06:10:00 AM


ပွဲချိန် ၁၃မိနစ်မှာ ၀က်စ်ဝုဒ်က ဖရီးကစ်ကနေ ဗီလာအတွက် အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ရူနီကလည်း ဗီလာနဲ့ပွဲဆို ဂိုးသွင်းခြေတွေ့တဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့တယ်။ ကာဂါဝါရဲ့တိကျမှုနဲ့ ရွန်နီရဲ့ခေါင်းတိုက်စွမ်းရည် ပေါင်းတော့ မန်ယူချေပဂိုးရတယ်။ ဂိုးဧရိယာထဲမှာ တစ်ချက်ဆွဲလှည့်ဖို့ ကြိုးစားတဲ့ မာတာကို ဘာကူနာ သိမ်းရိုက်ခဲ့လို့ရတဲ့ ပင်နယ်တီကို ရွန်နီ အားပြင်းပြင်းကန်သွင်းပြီး ဒုတိယဂိုး ရစေခဲ့တယ်။

ဒီဂိုးကြောင့် ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူထားတဲ့စာရင်းမှာ ၁၇၁ဂိုးဆိုတဲ့ မှတ်တမ်းကို ရွန်နီ ရေးထိုးတယ်။ မာတာကလည်း မန်ယူကစားသမားဘ၀ သွင်းဂိုးမှတ်တမ်းကို ဒီပွဲစပြီး ဖွင့်လှစ်ခဲ့တယ်။ မန်ယူရဲ့ပွဲသိမ်းဂိုးမှာ လူစားဝင် ကစားသမားနှစ်ယောက်ရဲ့ လျင်မြန်မှုက အံ့မခန်းပဲ။

ဗီလာနဲ့ပွဲစကတည်းက မန်ယူ ပရိသတ်တွေရဲ့ မိုရက်စ်ဖြုတ်ချရေး အစီအစဉ် စတင်ခဲ့တာ တွေ့ရတယ်။ “လွဲမှားခေါ်ယူမိတဲ့နည်းပြ မိုရက်စ်ထွက်”ဆိုတဲ့ စာတမ်းကို လေယာဉ်မှာ ချိတ်ဆွဲပြီး အိုးထရက်ဖို့ဒ်ကွင်းပေါ် ပျံသန်းစေခဲ့သလို ပက်ဒီပါဝါ လောင်းကစားကုမ္ပဏီကလည်း မန်ယူကို ဖာဂူဆန် တစ်ကျော့ပြန် နည်းပြမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ၆/၁ လေးနဲ့ ကြေးဖွင့်ကြောင်း စာတမ်းကို လေယာဉ်ပေါ် ချိတ်ဆွဲ ပျံသန်းစေခဲ့သေးတယ်။

တယ်ရီရဲ့ OG ဂိုးမှာ အပြာရောင်တွေ နိမ့်ဆင်းသွားခဲ့ရတာ အမှတ်ပေးဇယားထိပ်က ဖယ်ပေးရတော့မယ့်အထိပဲ။ ဟာဇတ်ရဲ့ ကန်ချက်ကို စပီရိုနီ ကာကွယ်လိုက်ပုံက အောင်ပွဲခံဖို့ပြင်နေသူတွေအတွက် အိပ်မက်ဆိုးပဲ။ ချဲလ်ဆီး တစ်ဂိုးထက် ပိုသွင်းမခံခဲ့ရတာက မော်ရင်ဟိုအတွက် ဒီပွဲအမြတ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)ရလဒ်များ

မန်ယူ ၄-၁ ဗီလာ
ခရစ္စတယ်ပဲလေ့စ် ၁-၀ ချဲလ်ဆီး
ဆွမ်ဆီး ၃-၀ နောဝစ်ခ်ျ
ဝက်စ်ဘရွန်း ၃-၃ ကာဒစ်ဖ်
ဆောက်သမ်တန် ၄-၀ နယူးကာဆယ်
စတုတ်စီးတီး ၁-၀ ဟူးလ်စီးတီး

Yoyarlay