ကမ္ဘာ့ ထောင်းဝင် ဦးရေ အများဆုံးထဲက အမေရိကန်

ပို့စ်တင်ချိန် - 3/20/2014 12:49:00 PM


အမေရိကန်ရဲ့ လူဦးရေဟာ ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရှိပါတယ်။ အတိအကျ အားဖြင့် ၃၁၈ သန်း ရှိပါတယ်။ သို့ပေမယ့် ထောင်ထဲမှာ ရှိနေတဲ့ ထောင်သား အရေအတွက် ကျတော့ ကမ္ဘာ့ ထောင်သား လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ (လေးပုံပုံ တစ်ပုံ) က အမေရိကန်မှာ ရှိနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ အမေရိကန်ဟာ ပြစ်မှု ဆိုင်ရာ အရေးခြင်းနဲ့ ပက်သက်ပြီး တရားဥပဒေ တင်းကြပ်တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ်လည်း စံချိန်တင်ထား ပါတယ်။ ဒါကြောင့်မို့ အမေရိကန် ပြည်သူများ အနေနဲ့ ထောင်ချခြင်း နဲ့ ပက်သက်လို့ တရားဥပဒေများ ပြန်လည်ပြင်ဆင်မှုကိုလိုလား ကြ ပါတယ်။ ဆေးခြောက် ရောင်း ဝယ် မှု နဲ့ ပက်သက်လို့ ထောင်ကျခံရတဲ့ ရာဇဝတ်သား တွေမှာ မတူညီတဲ့ ပြစ်ဒဏ် အမျိုးမျိုး ကျခံနေရခြင်းကို စတင် ဖြေရှင်းပေးလျက် ရှိပါတယ်။

အမေရိကန် သမ္မတ အိုဘားမားဟာလည်း ထောင်ဒဏ် ချမှတ်ခြင်း ဆိုင်ရာ တရား ဥပဒေ များကို ပြုပြင်ပြောင်းလဲရန် အိမ်ဖြူတော် အစိုးရ အဖွဲ့ ဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: Times.
International news for Myanmar