ပွတ်စ်ကက်၏သွင်းဂိုးစံချိန်၏ ရော်နယ်ဒို အမှီလိုက်နိုင်ခဲ့

ပို့စ်တင်ချိန် - 3/20/2014 06:31:00 AM


ရှော်လ်ကေးနှင့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ပွတ်စ်ကက်၏သွင်းဂိုးစံချိန်နှင့် တူညီသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပွတ်စ်ကက်မှာ ရီးရဲလ်တွင် (၈)နှစ်ကြာ ကစားခဲ့ရာ (၂၄၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုက (၅)နှစ်တာ ကာလအတွင်း (၂၃၆)ပွဲ ကစားရာတွင် အဆိုပါစံချိန် ရရှိခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုမှာ ယခုရာသီတွင် လာလီဂါသွင်းဂိုး (၂၅)ဂိုး ရရှိထားပြီး ရှော်လ်ကေးနှင့်ပွဲတွင် ၂ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပြိုင်ပွဲစုံသွင်းဂိုး ၄၁အထိ ရှိလာခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုမှာ ရီးရဲလ် ကစားသမားများအနက် တစ်ပွဲတစ်ဂိုးနှုန်းထက် ပိုမိုရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်နေပြီး ရီးရဲလ်အသင်း ဂိုးသွင်းအများဆုံး စာရင်းတွင် အဆင့်(၄)နေရာ ရပ်တည်နေသည်။

@z (ရိုးရာလေး)
YoYarLy