အမေရိကန်နိုင်ငံမှ B61 နျူကလီးယားဗုံးအားပြင်ဆင်မွမ်းမံနေ

ပို့စ်တင်ချိန် - 3/20/2014 05:47:00 AM


World Wide(BMSTU)

အမေရိကန်အနေဖြင့် B61 အသေးစားနျူကလီးယားဗုံး အလုံး ၄၀၀ ခန့်အား ပြန်လည်မွမ်းမံနေမှုနှင့် ပတ်သက်ပြီး ငွေကြေးအကျပ်အတည်းကြောင့် ယခင်ကဘက်ဂျက်ဖြက်တောက်မှု ဖြစ်ပေါ်ခဲ့ရသော်လည်း ယခုအခါ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ပြန်လည်ပြုလုပ်နေပြီး ၂၀၁၇ မှ ၂၀၂၀ ခုနှစ်အထိ ကြာမြင့်မည် ဖြစ်ပါသည်။

B61 သည် မြေအောက်သို့ထိုးဖောက်ဝင်ရောက်နိုင်သည့် အသေးစားနျူကလီးယားဗုံး အမျိုးအစားဖြစ် ကာ ၄င်းတွင် JDAM GPS လမ်းညွှန်စနစ်ကို တပ်ဆင်အသုံးပြုနိုင်သဖြင့် သေးငယ်သောဒုံးကျည်ထိပ်ဖူးများ ကို အသုံးပြုသော်လည်း ထိရောက်မှုမှာ ကွာခြားစေမည်မဟုတ်ပေ။

ယခုဗုံး၏ ထိရောက်မှုမှာ ရည်မှန်းချက်ပတ်လည် မီတာ ၃၀ ခန့်ကို နျုကလီးယား အသေးစားပေါက်ကွဲမှု ပုံစံမျိုးဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ယခင်အဟောင်းဗုံးမှာ ပစ်မှတ်ပတ်လည် မီတာ ၁၅၀ ကိုတိုက်ခိုက်နိုင်ပါသည်။ သို့သော် အသုံးပြုရသည့် နျူကလီးယားမှာ ၃၀ ကီလိုတန်သာ အသုံးပြုရပြီး ယခင်အဟောင်းမှာ ၁၅၀ ကီလိုတန်ကို အသုံးပြုရပါသည်။ နားလည်အောင် ပြောရလျှင် ယခင်က ၁၅၀ ကီလိုတန်ကို အသုံးပြု၍ ထိခိုက်ဒဏ်ရာရစေခြင်းအစား ယခု ၃၀ ကီလိုတန်ကို အသုံးပြုရုံဖြင့် ရရှိစေသော ထိခိုက်မှုမှာ အတူတူပင် ဖြစ်ပါသည်။ အမေရိကန်အနေဖြင့် ယခုကဲ့သို့ B61 အားပြုပြင်မွမ်းမံနေရခြင်းမှာ B83 အနေဖြင့် အသုံးဝင်မှုနည်းသောကြောင့် အနားပေးနိုင်ရန်ဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် နျူကလီးယား လက်နက်များတွင် ပါဝင်သော အီလက်ထရောနစ် နှင့် ဓာတုဗေဒပစ္စည်းများသည် သက်တမ်းကြာလာလျှင် ထိရောက်မှုနှုန်း လျော့ကြလာခြင်းကြောင့်လည်း ယခုကဲ့သို့ မွမ်းမံနေကြခြင်း ဖြစ်ပါသည်။

နျူကလီးယားဗုံးအများစုမှာ ၃၀၀ မှ ၄၀၀ ကီလိုတန်ကြား ရှိသော်လည်း ယခု B61 မှာ ကီလိုတန် ၃၀ သာရှိပါသည် B61 ဗုံးပေါင်း ၃၂၀၀ ခန့်အနေဖြင့် ၁၉၆၀ အလယ်ခန့်မှ စတင်၍ အသုံးပြုရန် အဆင်သင့် ဖြစ်နေခဲ့ပြီး ယခုအခါ တ၀က်လောက်သာ အသုံးပြုနိုင်ရန် ကျန်ရှိနေခဲ့ပါသည်။

B61 နျူကလီးယားဗုံးအနေဖြင့် ၃၂၀ ကီလိုဂရမ်( ၇၀၀ ပေါင်)၊ အချင်း ၃၃၀ မီလီမီတာ၊ အရှည် ၃.၅၆ မီတာ (၁၁.၇ ပေ) ရှည်လျားပါသည်။ ၂၀၀၆ ခုနှစ်က B61 ဗုံး ၄၀၀ ခန့်အား ဥရောပတွင် သိမ်းဆည်းထားရှိ သော်လည်း ၄င်းတို့အား ပြင်ဆင်မွမ်းမံမှုမပြုလုပ်ခဲ့ပေ။ ထို့အပြင် W80 နျူကလီးယားလက်နက်များ ပြုပြင်မွမ်းမံ ရန်ကျန်ရှိနေသေးသော်လည်း ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ အဆိုပါ မပြုလုပ်ခြင်းသည် ရုရှားနှင့်အမေရိကန်အကြား နျူကလီးယားလက်နက်ထုတ်လုပ်မှုကို လျော့ချစေသည့် ရည်ရွယ်ချက်ပင် ဖြစ်ပါသည်ဟု သိရှိရပါသည်။

Ref:strategypage
TechSpace Journal