ပြိုင်ဘက်ရဲ့ငယ်ပါကို လက်နဲ့ရိုက်လို့ ဒမ့်ဆေး (၂)ပွဲပယ်ခံရ

ပို့စ်တင်ချိန် - 3/20/2014 08:32:00 PM




ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖူလ်ဟမ်ကနေ မေဂျာလိဂ်ကလပ် ဆီယက်တယ်ဆောင်းဒါးကို ပြောင်းခဲ့တဲ့ ဒမ့်ဆေးဟာ ပြိုင်ဘက်ကစားသမားကို မဖွယ်မရာ လုပ်ခဲ့လို့ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒမ့်ဆေးနဲ့ တိုရွန်တိုနောက်ခံလူ မက်ဘလွန်းတို့ အပြန်အလှန် စကားများပြီးနောက် မက်ဘလွန်းတစ်ယောက် ရုတ်တရက်မြေပေါ် လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း ဘာဖြစ်သွားတယ်ဆိုတာ မမြင်ခဲ့ပါဘူး။ ဒမ့်ဆေးကလည်း သူမဟုတ်သလို ခပ်တည်တည် နေခဲ့ပြီး ပရိသတ်တွေလည်း ဘာဖြစ်သွားခဲ့မှန်း မသိလိုက်ကြပါဘူး။

ဒါပေမဲ့ ရုပ်သံ အနှေးပြကွက်တွေကို ပြန်ကြည့်တဲ့အခါမှာ ဒမ့်ဆေးက မက်ဘလွန်းရဲ့ငယ်ပါကို လက်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တိုရွန်တိုအတွက် ဒီဖိုးက ပွဲချိန် (၁၇၊ ၂၄)မိနစ်တွေမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဒမ့်ဆေးက (၆၈)မိနစ်မှာ ချေပဂိုးတစ်ဂိုးသွင်းခဲ့ပေမယ့် (၁-၂)ဂိုးနဲ့ ဆီယက်တယ်ဆောင်းဒါး ရှုံးပွဲကြုံခဲ့ပြီး (Western Conference )မှာ အဆင့်(၅)နေရာ ရပ်တည်ခဲ့ပါတယ်။

@z (ရိုးရာလေး)