အမေရိကန်နိုင်ငံတွင် တတိယ ရေပန်းအစားဆုံး ဝန်ဆောင်မှုဖြစ်လာသည့် iTunes Radio

ပို့စ်တင်ချိန် - 3/20/2014 10:18:00 AM


အတွဲ (၁၅)၊ အမှတ် (၁၂)

လွန်ခဲ့သည့် ၆ လလောက်ခန့်က လွှင့်တင်ခဲ့သော music streaming ဝန်ဆောင်မှု iTunes Radio သည်ဈေးကွက်တွင် ၈ ရာခိုင်နှုန်းခန့် ရရှိပြီးနောက် Spotify ထက်လူ ကြိုက်များနေကြောင်း သိရှိရသည်။

Edison သုတေသနမှ ဖော်ပြထားသည့် အချက်အလက်များအရ iTunes သည် Pandora ကိုပြိုလဲနိုင်အောင် ပြုလုပ်ရန်များစွာ ကြိုးပမ်းရမည်ဖြစ်သည်။ Music Streaming ဝန်ဆောင်မှုဖြစ်သည့် Pandora သည်ဈေးကွက်တွင် ၃၀ ရာခိုင်နှုန်းရရှိထားကာ အမေရိကန်နိုင်ငံတွင် ရေပန်းအစားဆုံးဖြစ်ပြီး ဒုတိယနေရာတွင် iHeartRadio က ၉ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ Spotify မှာဈေးကွက်ဝေစု ၆ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင်ရှိပြီး Google Play ကိုအသုံးပြု၍ရကာ စတင်လွှင့်တင်မည့် မေ ၂၀၁၃ ခုနှစ်မှဝေစု ၃ ရာခိုင်နှုန်းလျော့ကျသွားသည်။

Apple တွင် subscriber များအပြင်ပုံမှန် နားထောင်သူသန်း ၂၀ ခန့်ရှိကြောင်း ခန့်မှန်းထားပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် အမေရိ ကန်နိုင်ငံ၌ iTunes Radio ကိုတိုက်ရိုက်ထုတ်လွှင့် ခဲ့သလိုအောက်တိုဘာလတွင် သီချင်းအပုဒ်ပေါင်း ၁ ဘီလီယံကို ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။



-စိုးထက်
Ref: Yahoo

Internet Journal