ပျောက်ဆုံးလေယာဉ် (MH370) ၏ ပျက်စီးအပိုင်းအစ တွေ့ရှိကြောင်း သြစီဝန်ကြီးချုပ်ပြော

ပို့စ်တင်ချိန် - 3/20/2014 01:14:00 PM


ကင်ဘာရာ ၊ မတ် ၂၀

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် MH370 ပျောက်ဆုံးလေယာဉ်မှ ပျက်စီးအစိတ်အပိုင်းဖြစ်နိုင်ဖွယ် ပစ္စည်း ၂ ခုကို တွေ့ရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ဘ် က ကင်ဘာရာသြစတြေးလျပါလီမန်၌ ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြောကြားခဲ့သည်။

၎င်းအစိတ်အပိုင်းများကို ဂြိုလ်တုအချက်အလက်များမှ တွေ့ရှိရခြင်းဖြစ်ပြီး
သြစတြေးလျတော်ဝင်လေတပ်မှ ဂျက်လေယာဉ်တစ်စင်းနှင့် အခြားလေယာဉ် ၃ စင်းတို့က လိုအပ်သည်များကို ဆက်လက်ရှာဖွေလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

LYT (ref : sky news)
Popular Myanmar News Journal