မလေးရှားလေယာဉ် ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်

ပို့စ်တင်ချိန် - 3/20/2014 05:49:00 AM

မလေးရှား လေကြောင်းက ဘိုအင်း ၇၇၇ လေယာဉ်

မလေးရှားနိုင်ငံကနေ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံဘက်ကို ဦးတည် ပျံသန်းလာတဲ့ ဘိုးအင်း ၇၇၇ လေယာဉ်ပေါ်မှာ ပါတဲ့ ခရီးသည်တစ်ဦး ရုတ်တရက် နေမကောင်း ဖြစ်တဲ့အတွက် အဲဒီ လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ် ဆင်းသက် ခဲ့ရတယ်လို့ မြန်မာ့ လေကြောင်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါတယ်။

အဲဒီ ခရီးသည် အမျိုးသားကို ရန်ကုန် ဆေးရုံကြီးကို ပို့ပေးပြီး ဆေးကုသမှု ပေးခဲ့သလို သက်ဆိုင်ရာ ဘင်္ဂ္လားဒေ့ရှ် သံရုံးကိုလည်း ဆက်သွယ် အကြောင်းကြားပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

တစ်ခါ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ကို မြန်မာ့လေကြောင်း ပိုင်နက်ထဲမှာ ဝင်ရောက် ရှာဖွေဖို့အတွက် မတ်လ ၁၁ ရက်နေ့ကစပြီး ၇ ရက်ကြာ ခွင့်ပြုထားကြောင်းနဲ့ အခုအချိန်အထိ အိန္ဒိယ၊ အမေရိကန်နဲ့ မလေးရှား လေတပ်က လေယာဉ်တွေ လာရောက်ခဲ့တာ ရှိကြောင်း ဦးဝင်းဆွေထွန်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)